အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Wednesday, October 5, 2011

ကလေးလေးများ

NN ခမ်း
ငယ်စဉ်က တော်တော်လည်သည် (ကြီးလာတော့ မသိပါ)
ဒူးရင်းသီးကြိုက်သည်။ ငယ်စဉ်က ဒူးရင်းသီးစားလျှင် များများစားရရန် အစေ့တွင် အသားများကပ်နေသည်ကို ခွာမစားသေးပဲ.. အပေါ်ခွံလေးတွေကိုသာ စားထားပြီး အသားကပ်ကျန်နေသေးသော ဒူးရင်းသီးစေ့များကို သူ့ပန်းကန်ထဲမှာ ပုံထားပြီး နောက်တစ်စေ့ယူစားသည်။ တခြားသူများက ဒူးရင်းသီးစေ့ကို ပြောင်အောင် စားနေသောကြောင့် ကလေးလေး NN ခမ်း () ခုစားပြီးချိန်တွင် ကျန်သူများက () ခုသာစားပြီးသေးသည်။ မိသားစုစားနေသော ပန်းကန်ထဲမှ အသီးများကုန်သွားမှ သူပန်းကန်ထဲတွေ ပုံထားသော၊ အသားများကျန်နေသေးသော၊ သူစားပြီးသားများဖြစ်သော ဒူးရင်းသီးလက်ကျန်များကို စိမ်ပြေနပြေ ထိုင်စားတတ်သည်။ (ရယ်ကျဲကျဲနှင့် ကျန်သူများကို ပြုံးပြလျှင် ပြုံးပြမည် ဖြစ်သည်)
ကွန်ပျူတာကျောင်းတတ်တော့ ကျောင်းတတ်ရင်း အလုပ်ဝင်သည်။ ကွန်ပျူတာကျောင်းက ဆရာမသည် ကျောင်းခေါ်ချိန်ကို လက်မှတ်မထိုးစေပဲ finagle print ဖြင့် ကျောင်းခေါ်ချိန်မှတ်သည့် program တစ်ခု ကျောင်းမှာ run ထားသည်။ အလုပ်တစ်ဘက်နှင့် ကျောင်းတတ်ရသော NN ခမ်းသည် ကျောင်းခေါ်ချိန်မပြည့်။ သူကဲ့သို့ ကျောင်းခေါ်ချိန် မပြည့်သော သူငယ်ချင်းများနှင့် ပေါင်းပြီး သူကို စာသင်သည် ဆရာမရေးထားသော Program ကို ပြန်ဖေါက်ပြီး ကျောင်းခေါ်ချိန်ကို အပြည့်ပြန်လုပ်သည်။ ဂုဏ်ထူးတန်းရသည်။ ယခု Programmer အဖြစ် အသက်မွေးဝမ်းကြောင်းနေသည်။ သူရေးထားသော Program များကို သူများဖေါက်ဖို့ မလွယ်ကူနိုင်ဟု ထင်ပါသည်။ (မှန်လျှင် comment ပေးပါ၊ မမှန်လျှင် comment ပေးပါ)...

ဆွိ
တော်တော် ပိန်းတိန်းတိန်း အူကြောင်ကြောင် နိုင်သူ (ကြီးလာတော့ လည်သည့်နေရာလည်ပြီး ကြောင်သည့်နေရာ ပိုကြောင်လာသည်။ ကြောင်သည်များကိုသာ ပြောပြီး လည်သည်များကို လူလည်ငကြောင်ပီပီ ထိမ်ချန်ထားမည် ဖြစ်သည်။)
ဒူရင်းသီးတော့ ကြိုက်သည် သို့သော် NN ခမ်း လိုတော့ မစားတတ်။ (ထို့ကြောင့် အူသည်လို့ ပြောလို့ရသည်)
တစ်ရက်က အိမ်တွေ ဖေဖေရှိသည်။ ကားသမားဖြစ်သည့် ဖေဖေက အိမ်မှာ သိပ်မရှိတာများသည်။ တောင်ကြီး-ရန်ကုန်၊ တောင်ကြီး-မန်းလေး-မိုးကုတ်-လားရှိုး စသည် ဖြင့်သွားနေသည်။ တစ်ခါတစ်ခါ အိမ်မှာ သိပ်မရှိတတ်သော ဖေဖေကို ကလေးလေးဆွိ သိပ်မမှတ်မိတတ်။ နေ့လည်ဘက် ဖေဖေနဲ့တူတူ ကစားပြီး အဆင်ပြေနေရက်နဲ့ ညကျ ဖေဖေခြင်ထောင်ထဲဝင်လာတော့ ဒီလူကြီး ဘာလို့ ကိုယ်အိမ်ကို မပြန်သေးပဲ ဆွိတို့အိမ်မှာ၊ ခြင်ထောင်ထဲအထိ ဝင်လာတာလဲလို့ ပြဿနာရှာတတ်သည်။ ထိုညမျိုးဆို ဖေဖေက သူ့သမီးလေး အိပ်ပျော်တဲ့အထိစောင့် ပြီးမှ အိပ်ရသည်။ (ထို့ကြောင့် အူကြောင်ကြောင်နိုင်သည် ဟုသတ်မှတ်နိုင်သည်။)
တစ်ရက် အိမ်တွင် ဖေဖေရှိသည်။ အိပ်ယာထဲတွေ ဆွိအရစ်ကို မခံရပဲ အိပ်ရသည်ဟု ထင်သည်။ ပုံမှန် ဖေဖေ ခရီးထွက်လျှင် မနက်စောစော သမီးနှင့် မေမေကို နမ်းပြီးနှုတ်ဆက်တတ်သည်။ (ထိုစဉ်က မောင်လေးမမွေးသေးပါ။ ဖတ်မိလျှင် စိတ်ကောက်မည်ဖြစ်လို့ ထည့်ပြောထားသည်။) သမီးကိုတော့ ပါးနမ်းသည်။ သမီးက ဖေဖေပါးကို ပြန်နမ်းသည်။ မေမေကိုတော့ ဘယ်လိုနှုတ်ဆက်သည် မသိပါ။ မသိချင်ယောင်ဆောင်ခြင်း မဟုတ်ပဲ အမှန်တကယ် မသိခြင်းဖြစ်သည်။
အဲဒီတစ်ရက် မနက်စောစော ဖေဖေ နှုတ်မဆက်သွားသည်ကို သတိရသည်။ သို့သော် ကလေးလေး အိပ်ယာနိုးတော့ ဖေဖေမရှိ။ အိမ်အောက်ထပ်မှာ ရှိမည်ထင်ပြီး ဆင်းရှာသည်။ မရှိ။ ဆွိနေတဲ့မြို့ တောင်ပေါ်မြို့ (တောင်ကြီးမြို့)။ ထိုညက တောင်ကြီးနဲ့ မနီးမဝေးမြို့လေးဖြစ်သော ဟိုပုံးမြိုမှာ လေယာဉ်ပျက်ကျသည်။ (ညကြီးကို ဘယ်လိုလေယာဉ်မျိုးပျံပါလိမ့်။ မသိပါ။ ပျက်ကျသည်။ လူတွေသေသည်။ အလောင်းကောက်ရမည်။ ဖေဖေသွားရသည် ဆိုတာတော့သိသည်။ သုံးနှစ်လောက်ဆိုတော့ ကျိုးကြောင်း စပ်ဆက်တွေးခေါ်နိုင်ခြင်းမရှိ။ ယခုလည်း သိပ်မရှိသေး။ သို့သော် အတွေးအခေါ်ရှိသည့် ပုံစံနေရသည်။) ဖေဖေအလောင်းကောက်ဖို့ သမီးကို မနှုတ်ဆက်ပဲသွားလိုက်သည်။ သမီးနိုးလာတော့ ဖေဖေမရှိ။ ဖေဖေဘယ်သွားလဲ မေမေ့ကို မေးသည်။ ဟိုပုံး သွားသည်ဟုမေမေဖြေသည်။ (တော်တော်ပိန်းတိန်းတိန်းအူကြောင်ကြောင်နိုင်သည်။) ဟိုပုံးဆိုတာကို မြို့မှန်းမသိ။ ဟို က ပုံး၊ ဒီ က ပုံး၊ ရေခပ်သည့် ပုံး၊ အဝတ်လျှော်သည့် ပုံး စသည်ဖြစ်တွေးမိသည်။ ဒါနဲ့ မေမေ့ကို ဘယ်ပုံးကို ဖေဖေသွားတာလဲ ဆိုသည့် အဓိပ္ပါယ်နှင့် (ဘယ်ပုံးလဲ မေမေ ဖေဖေက ဘယ်ပုံးကို သွားတာလဲ) ပြန်မေးသည်။ မေမေဘယ်လို တုန့်ပြန်သည်ကို မမှတ်မိတော့။ (ကိုယ်သာဆိုရင် ဘယ်လို ဖြေရှင်းမလဲ။ မသိသေးပါ။ အဲဒီလို အူတူတူ ပိန်းတိန်းတိန်း ကလေးလေးတစ်ယောက် ကိုယ့်မှာ မရှိပါ။ ကလေးမရှိပါဆိုသည့်အတွက် အိမ်ထောင်တော့ရှိသည်ဟု မထင်စေချင်ပါ။ အိမ်ထောင်လည်းမရှိပါ။ သီတင်းကျွတ်လျှင် လုပ်စရာတော့ရှိသည်။ ဝါတွင်းရှောင် အသောက်ရပ်ထားသည်ကို ပြန်သောက်ရန်ဖြစ်ပြီး ဝါကျွတ်လျှင် အိမ်ထောင်ပြုလိမ့်မည်ဟု မယူဆစေချင်ပါ။)

MM မြင့်
ဟာသဥာဏ်ရှိသည်။ သို့မဟုတ် လွဲချော်တွေးတောသည်။  (ကြီးလာတော့ ပိုပြီး ဟာသဥာဏ်ရှိလာသည်။ ကဗျာရေးကောင်းလာသည်။ လက်ရှိဘဝတော့ အိမ်ထောင့်တာဝန်ကို ထမ်းနေရပြီး ကဗျာရေးအုံးမည်ဟု မဆိုသာ။ )
ငယ်စဉ်က၊ မူကြိုတတ်စဉ်အချိန်က၊ အစ်မဖြစ်သူက ပထမတန်း ဖြစ်စဉ်အချိန်က၊ ကလေးလေး မောင်မောင်မြင့်အနေဖြင့် လုံးကြီးတင်နှင့်သာ သူငယ်ချင်းဖြစ်ပြီး၊ ဝဆွဲနှင့် ဆရာမက မိတ်မဆက်သေးစဉ်အချိန်က၊ အစ်မဖြစ်သူ အိမ်စာ (ကျွဲ) ဟူသော စာလုံးကို တစ်မျက်နှာ အပြည့်ရေးနေစဉ် အချိန်က၊ ဖခင်ဖြစ်သူ (အနည်းငယ် ဒေါသကြီးတတ်သူ၊ အဖြစ်အပျက်ကို မူတည်ပြီး ကောက်ချက်ဆွဲသည်။ အဆိုပါ ကောက်ချက်မမှန်ကန်ပါက ထိုအချိန်တွင် ဖခင်ဖြစ်သူတွင် လူမှုရေး စီးပွားရေး ပြဿနာတစ်ခုခု ရှိနေသဖြင့် သားအပေါ် ဒေါသပုံချလိုက်သည်လည်း ဖြစ်နိုင်သည်) ကလေးလေး MM မြင့် အစ်မဖြစ်သူရေးသော စာမျက်နှာကို သွားငေးစဉ်အချိန်က စကားတစ်ခွန်းပြောလိုက်သည်။ မမ လုံးကြီးတင်က အောက်ပြုတ်ကျနေတယ်။
အစ်မဖြစ်သူ ဘယ်လိုတုံပြန်သည်မသိ။
အဖေလုပ်သူ စိတ်ဆိုးပြီး ကလေးလေး MM မြင့်ကို ရိုက်သည်။
ယခု MMမြင့်တွင် သားသမီး ၂ ယောက်ရှိပြီး တစ်ယောက်ယောက်ကများ လုံးကြီးတင် အောက်ပြုတ်ကျနေပါက သူမည်သို့ တုံပြန်မည်နည်း။ ထရိုက်မည် မထင်ပါ။ သူထရီလိမ့်မည်။  ဟိုဘက်ခေတ်နှင့် ဒီဘက်ခေတ် ကွာခြားသွားပြီဖြစ်သည်။

TZ အောင်
ကလေးလေး TZ အောင် ဘာကိုမှ သိပ်မကြောက်တတ်။ မိခင်ဖြစ်သူက သားအတွက် ဆွယ်တာတွေ ထိုးတတ်သည်။ သို့သော် ထိုဆွယ်တာများကို သူဝတ်လိုက်ရသည်မှာ မရှိသလောက်ရှားသည်။ သူက ကြီးမြန်လား။ အမေကပဲ ဆွယ်တာထိုးနှေးလား။ ဒါမှမဟုတ် ၂ ခုလုံးလည်း ဖြစ်နိုင်သည်။ ဆွယ်တာပြီးချိန်တွင် သူကကြီးသွားပြီး ဆွယ်တာက သေးသွားသည်။ ဘာနဲ့ခြောက်ခြောက် မကြောက်တတ်သော ကလေးလေး TZ အောင်ကို ပြောမရဆိုမရဖြစ်လျှင် နင်ဒီလိုဆိုးနေရင် နင့်ကို ငါဗိုက်ထဲပြန်ထည့်ထားလိုက်မယ် ဟု ပြောတတ်သည်။ ဒီကိစ္စကိုတော့ ကလေးလေး TZ အောင် ကြောက်သည်။ ဘာလို့လဲတော့မသိ။ တစ်ရက်တော့ သူစက်ဘီးလေး တစ်စီး ပိုင်ရသည်။ သိပ်မကြာခင် သူစကားနားမထောင်သဖြင့် မေမေက နင့်ကို ငါ့ ဗိုက်ထဲ ပြန်ထည့်လိုက်မယ်ဟု ကျိန်းသည်။ ကလေးလေး TZ အောင် စက်ဘီးလေးကို စီးလို့မဝသေး။ ဗိုက်ထဲပြန်ဝင်ရတော့မည်။ ဒါနဲ့ မေမေကို ဈေးလှမ်းညှိသည်။ မေမေ သားကိုဗိုက်ထဲပြန်ထည့်ရင် သားစက်ဘီးလေးပါ ထည့်ပေးပါနော်။ သူမို့ ဗိုက်ထဲမှာ စက်ဘီးပတ်စီးချင်သေးတယ်။ အကွေ့အကောက်တွေနဲ့ လမ်းတွေများ။
ယခု TZ အောင်၊ သားသမီးတွေ ဘယ်နှစ်ယောက်နဲ့ ရုန်းကန်နေပြီး ဘယ်တစ်ယောက်ကိုများ သူမိန်းမ ဗိုက်ထဲပြန်ထည့်ချင်ပါလိမ့်။ မဆုံတာကြာလို့ မမေးဖြစ်ပါ။ လမ်းကြုံရင် မေးထားပေးကြပါ။

KiKi
ကိုယ့်တူမလေး။ တူမလေးဆိုသော်လည်း ကိုယ် ()တန်းအရွယ်က မွေးသဖြင့် အသက်သိပ်မကွာလှ။ ငယ်စဉ်ကတည်းက သူကကိုယ့်ကို မမဆွိဟုခေါ်သည်။ ခေါ်အောင်လည်း သင်ထားပေးသည်။ ထိုကြောင့် ယခုချိန်ထိ ကိုယ်အန်တီဆွိ မဖြစ်လာတော့။ ကိုယ်နှင့် အသက်ကွာသော သူမောင်လေး ၂ ယောက် အပါအဝင် တစ်အိမ်လုံးက ကိုယ့်ကို မမဆွိဟုသာ ရည်ညွန်းသည်။ ကံဆိုးသော ကိုယ့်မောင်လေးမှာမူ ကိုကိုကူးဟု ခေါ်ခြင်းမခံရ ဦးကူး ဟုသာ ခေါ်ကြသည်။
Ki Ki ဝလုံးလေးတွေ ရေးတဲ့အရွယ်က၊ ဝလုံးလေးတွေရေးသည်။ ညာလက်ဖြင့် နာရီတစ်ဝက်ခန့် အကြာ ပြန်သွားကြည့်တော့ ဘယ်လက်ဖြင့် ဝလုံး မဝိုင်းတစ်ဝိုင်းတွေ ဆက်ရေးနေသည်။ ကြီးတော်လုပ်သူ (ကိုယ့်အစ်မ)က စာရေးတယ်ဆိုတာ ညာလက်နဲ့ရေးရတယ်။ ဘာလို့ ဘယ်လက်နဲ့ရေးလဲလို့ မေးသည်။ ကလေးလေးက ပြန်ပြောသည်။ ညာလက်က ပျင်းသွားလို့ ဘယ်လက်ကို အလှည့်ပေးတာတဲ့။
ကိုယ်တို့တွေရော ညာဘက်ဦးနှောက်နဲ့ ကိစ္စတစ်ခုကို တွေးတောပြီးနောက်၊ ဘယ်ဘက်ဦးနှောက်ဖြင့် ပြန်လည်တွေးတောဖူးပါသလား။ ဘယ်ဘက်ဦးနှောက်က ရေးတဲ့ ဝလုံးနဲ့ ညာဘက်ဦးနှောက်က ဝလုံး ဘယ်ဝလုံးက ဝိုင်းမယ်ထင်ပါသလဲ။ ကိုယ့်အတွက်တော့ လက်ရေးမလှလို့ ဘယ်ဘက်နဲ့ဖြစ်ဖြစ် ဝိုင်းမည်မဟုတ်ပါ။ ကိုယ်တော့ စာကို Type ပဲ ရိုက်ပါသည်။  မရေးပါ။ တွေးတော့ တွေးပါသည်။ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ရော တွေးပါသည်။ လက်နဲ့တော့ မတွေးပါ။ ကိုယ့်ဝလုံးတွေက သိပ်မလှတတ်ပါ။


စိုင်းစိုင်း
အဆိုတော် စိုင်းစိုင်းဟု မထင်စေချင်ပါ။ ကိုယ်တူလေး KiKi မောင်လေးဖြစ်သည်။ အနုပညာရှင်ဖြစ်ဖို့ မွေးဖွားလာပုံရသည်။ ပန်းချီဆွဲသည်။ သီချင်းစပ်သည်။ သီချင်းဆိုသည်။ ပြဇာတ်ကသည်။ ကလေးဘဝတွင် လက်လှမ်းမီသော အနုပညာအကုန်လုပ်သည်။ တစ်ခါက ကျောင်းပေါင်းစုံ ကွန်ပျူတာပန်းချီပြိုင်ပွဲ ဝင်ပြိုင်သည်။ (တန်ဆောင်တိုင်ပွဲတော်နှင့် ပတ်သက်ပြီး ပြိုင်ရသော ပွဲလေးဖြစ်သည်။) ပန်းချီဆွဲနေစဉ် ပြိုင်ပွဲအချိန်ကုန်ခါနီးတွင် မီးရုတ်တရက် ပျက်သွားပြီး သူဆွဲထားသော ပန်းချီလေးကို သူဆုံးရှုံးလိုက်ရသည်။ အပြုံးမပျက် သူထပ်ဆွဲသည်။ သို့သော် ပြိုင်ပွဲချိန်ပြည့်ချိန်တွင် ဘုရားပုံတစ်ခုသာ သူဆွဲပြီးသည်။ ဆုမရခဲ့။ ထိုပုံလေး အိမ်ယူလာတော့ လူကြီးများက မီးပုံးပျံ ပန်းချီပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ပုံတွင် မီးပုံးပျံမပါ၊ ပွဲကြည့်ပရိတ်သတ်မပါ။ ဘုရားတစ်ဆူသက်သက် သာ ပါသောကြောင့် သူကို ဝိုင်းစကြသည်။ သားမီးပုံးပျံက အရမ်းလှတာ။ အခု မိုးပေါ်ရောက်သွားပြီ ပုံထဲမှာ မရှိတော့ဘူး။ ပွဲကြည့်ပရိတ်သတ်က မီးပုံးပျံကြည့်ပြီးလို့ ပြန်သွားပြီ။ ထို့ကြောင့် သူ့ ပန်းချီတွင် ဘုရားတစ်ဆူသာ ကျန်သည်ဟု အဖြေပေးသည်။
သူနေရာမှာ ကိုယ်တို့ဆို ဒီလိုဖြေတွေးနိုင်လိမ့်မည်မထင်။
ပျက်သွားသည့် ပုံကလေးကို တမ်းတပြီး နောက်တစ်ပုံ ပြန်စဖို့ သတ္တိနည်းမည့် လူကြီးများ ရှိကောင်းရှိနိုင်သည်။
သို့မဟုတ် ပျက်သွားသည့် မီးကို ကျိန်ဆဲနေမည့် ဒေါသရှေ့ထားမည့် လူကြီးလူကောင်းများ ရှိကောင်းရှိနိုင်သည်။
သို့မဟုတ် သူကိုစကြသည် အခြားသူများသနားအောင် ဝမ်းပန်းတနည်း ငိုကြွေးပြမည့် လူပျော့လူညံ့များရှိနိုင်သည်။
လူကြီးများသည် ကလေးငယ်များလောက် အကောင်းမြင်စိတ်မရှိကြ။ အကောင်းမြင်စိတ်ရှိသည့် ကလေးငယ်များ၏ စိတ်ဖြူဖြူများကိုပင် အရောင်ဆိုးရန်ကြိုးစားနေသည့် မိဘများရှိသေးသည်။

Gu Ku
ကိုယ့်မောင်လေး။ တော်တော် ချစ်စရာကောင်းသည့် ကလေးဖြစ်ခဲ့သည်။ ယခုလည်း ချစ်စရာကောင်းသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ ထိုအကြောင်းအချက်များကြောင့် ထိုချစ်စဖွယ်ကောင်လေးတွင် ဇတ်လမ်းပေါင်းများစွာရှိသည်ဟူ လူကြီးများထင်သည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မည်သည့်မိန်းမပျိုနှင့် ပတ်သက်သည်ဖြစ်စေ လူကြီးများသည် သူကောင်မလေးဟုသာ အမည်တပ်လိုက်ကြသည်။ ထိုကလေးနှင့် သူအစ်မ ငယ်စဉ်က မတည့်ကြ။ တူတူနေချိန်က နည်းနည်းမှ မတည့်ခဲ့သည့် မောင်နှမ ဝေးနေချိန်ကျ ကိစ္စတစ်ခုဖြစ်တိုင်း၊ ဆုံးဖြတ်ချက်တစ်ခု ချမည့်အချိန်တိုင်း ၂ ယောက်တိုင်ပင်တတ်သည်။ ထိုချစ်စရာကောင်းလှသည့် ကလေးလေးသည် တစ်အိမ်လုံး၏ အချစ်များ၊ ဂရုစိုက်မှုကို အစ်မထံမှ လုယူသုံးစွဲခဲ့သူဖြစ်သည်။ အထူးသဖြင့် မေမေထံမှ။ ငယ်စဉ်က တောင်ကြီးတောင်ပေါ်ကို လမ်းလျှောက်တတ်ကြသည်။ လမ်းတစ်ဝက်ရောက်တော့ သူများတွေနှင့် တူတူ တတ်နေရင်းမှ ဘာမပြောညာမပြော နောက်ပြန်ပြန်ဆင်းသွားသည်။ ဆက်မတတ်နိုင်လို့ လှည့်ပြန်သည်တဲ့။ ကိုယ်တို့တွေရော ကလေးတစ်ယောက်လောက် ဂငယ်ကွေ့ပြန်ကွေ့ဖို့ သတ္တိတွေ ရှိရဲ့လား။

12 comments:

  1. ငါ့အကြောင်းလဲ မပါဘူး။ ဂငယ်ကွေ့ ကွေ့ပြီး ပြန်ထွက်သွားတယ်။

    ReplyDelete
  2. နင်က ကလေးလေးမှ မဟုတ်တော့တာ ...
    လူကြီး ကြီးများဆိုတဲ့ ခေါင်းစဉ်တတ်မှပဲ ထည့်ရေးတော့မယ်..
    Kwi Kwi Kwi...

    ReplyDelete
  3. နင်တော်တော်အားထုတ်ပြီးရေးထားတာပဲ လူတစ်ယောက်ချင်းစီရဲ့ character ကို အသေးစိတ် ပုံဖော်ပြီးရေးထားတာ (ဘယ်ပုံးလဲဆိုတာပြောပြရမလား မေသွယ်ပြောနေကျ မိုးထဲလေထဲ.... ဘာပုံးဆွဲ ဟီးဟီးး)

    ReplyDelete
  4. မေသွယ်ပြောတဲ့ပုံး ဟဲဟဲ ငါသိဘူးဟ
    ဘာပါလိမ့်..
    ဒီအကြောင်းတွေက ငါအမြဲမှတ်မှတ်ရရလေးဖြစ်နေတာလေးတွေမို့ ရေးလို့၇တာ

    ReplyDelete
  5. အင်း ငါ့အကြောင်းလဲရေးဟာ.. ဟဟ

    ReplyDelete
  6. ပီခမ်းငယ်တုန်းက ဆွိမှမမွေးသေးပဲကို.. ဟင့်...
    စကြာကိုပြောသလိုပဲ.. လူကြီး ကြီးများမှပဲ... ရေးတော့မယ် ၅၅၅

    ReplyDelete
  7. NNK ၏ ငယ်နာမည်ပြောင်မှာ ခေါယောင်း ဖြစ်သည်။ (ကြိုက်၏မကြိုက်၏ မသိဖေါ်စားလိုက်သည်)
    ခွိခွိခွီး...(ရုံးချိန်တွင်ခိုးဖတ်ခြင်းဖြစ်၍ ရယ်သံမှာတခွီးခွီးထွက်လာသည်)

    ReplyDelete
  8. "ဆွိ" ဆိုတဲ.ခေါင်းစဉ်အောက်ကိုဖတ်လိုက်တာ လူကိုဒုက္ခယောက်သွားတယ်
    တဟားဟားရယ်ချင်တာကို အသံမထွက်အောင် တခွိခွီးနဲ. ပါးစပ်ပိတ်ပြီးရယ်နေရတယ် စိတ်တိုလိုက်တာ...

    ReplyDelete
  9. kwi kwi,,,
    ဆွိလည်း ပြုံးစိစိဖြစ်နေပြီ...ဟဟ

    ReplyDelete
  10. ဟားဟား
    နောက်ကျရင် ဟာသစာစောင်မှာ စာရေးရတော့မယ် ထင်တယ်နော့်..

    ReplyDelete
  11. သူအတွေးကြီးကလည်းနော်....
    ဒေါ်TTW အတွက်စိတ်ပူသွားတာပဲ
    ဦးHT ကြီးတယောက်လည်း သူများခြင်ထောင်ထဲ ၀င်မှူနဲ. ရဲစခန်းရောက်ရတော.မလိုလို ... :P

    ReplyDelete
  12. ဟားဟား ...
    အဲဒါကြီးကို မတွေးမိဘူးကွာ .. ဟဟား
    ငွေညှစ်ရမယ်..
    အန်တီ T ခြင်ထောင်ထဲဝင်မှုနဲ့ UHT ကို... ဟားဟား

    ReplyDelete