ကိုယ့်ဘဝမှာ သူငယ်ချင်းတွေနဲ့ ကုန်လွန်ခဲ့တဲ့ အချိန်တွေက မိသားစုနဲ့ တူတူဖြတ်သန်းခဲ့တဲ့ အချိန်ထက် ပိုများပါတယ်…
ကိုယ့်အစ်မ တစ်ယောက်က ပြောတယ်… သူဘဝတစ်ဝက်လောက်က သူငယ်ချင်းတွေနဲ့ ကုန်သွားတာတဲ့..
ကိုယ်အတွက်တော့ တစ်ဝက်ထက်ပိုရင် ပိုမယ် မလျှော့တာတော့ သေချာတယ်…
မိသားစုက ကိုယ့်ကို ရုပ်ဝတ္တုပစ္စည်းတွေနဲ့ ထောက်ပံ့မှုပေးခဲ့ပြီး ….
သူငယ်ချင်းတွေဆီကတော့ စိတ်ပိုင်းဆိုင်ရာကို အထောက်အပံ့ရခဲ့တာပါ…
အထက်တန်းကျောင်းတုန်းက ကျောင်းစိမ်းတွေနဲ့ သူငယ်ချင်း…
တက္ကသိုလ်ရောက်တော့ ကျောင်းစိမ်းမဝတ်တဲ့ သူငယ်ချင်း…
အိမ်မှာ မနေခဲ့တဲ့နှစ်တွေမှာ တူတူနေခဲ့ကြတဲ့ သူငယ်ချင်းတွေ.. ညီမအစ်မတွေ…
L’AF ရောက်တော့ ပြင်သစ်စကားပြောတဲ့ သူငယ်ချင်း...
CMS ရောက်တော့ ကွန်ပျူတာ ပြင်တဲ့ သူငယ်ချင်း…
Social worker ဘဝရောက်လာတော့ လူမူရေးလုပ်တဲ့ သူငယ်ချင်းတွေ…
Tourist Guide ဖြစ်ဖို့ ကြိုးစားခဲ့တုန်းက Torisime လောကထဲက သူငယ်ချင်းတွေ…
Google ဆိုတဲ့ ရောဂါရလာတော့ Online friend တွေ…
ဆေးရုံတတ်တော့ ကုတင်ဘေးက သူငယ်ချင်း…
အဲဒီသူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေ….
အဲလိုသူငယ်ချင်းပေါင်းများစွာရှိပါတယ်… အဲဒီသူငယ်ချင်းတွေထဲမှာ ဘယ်တစ်ယောက်ကို ကိုယ်အချစ်ဆုံးလဲ အခင်ဆုံးလဲ လို့ ကိုယ့်ကို လာမေးရင်… ကိုယ့်မှာ အဖြေမရှိပါဘူး..
လူရယ်လို့ခေါ်တဲ့ ဒီသတ္တဝါတွေမှာ ကိုယ့်ကောင်းကွက်လေးတွေ ရှိသလို ဆိုးကွက်လေးတွေလည်း ရှိတာပါပဲ..
အပေါင်းအသင်းဆိုတာ ကောင်းမှ တွဲရမယ်ရယ်လို့ လောကနီတိထဲကအတိုင်းဆိုရင် အခုချိန်မှာ ကိုယ်ကို သူငယ်ချင်းအမှတ်နဲ့ ပေါင်းမယ့်သူကို ကိုယ်ရှာတွေ့မှာ မဟုတ်ပါဘူး…
ကိုယ်တော့ သူငယ်ချင်းတစ်ယောက်ကို ရွေးချယ်ဖို့အတွက် ဦးနှောက်နေလာတဲ့ စံနှုန်းနဲ့ ဘယ်တုန်းကမှ မတိုင်းတာခဲ့ပါဘူး…
ကိုယ်သူနဲ့တူတူရှိနေတဲ့အချိန် ….
သူနဲ့ စကားပြောနေတဲ့ အချိန်မှာ ကိုယ့်ကို စိတ်သက်သာရာရနေတဲ့ စိတ်ကို ထိန်းချုပ်မထားရတဲ့ သူတွေနဲ့ ကိုယ်လွယ်လွယ်ကူကူပဲ အပေါင်းအသင်းဖြစ်သွားတတ်တယ်…
တကယ်လို့ လူတစ်ယောက်နဲ့ အနီးကပ်နေဖို့ ကိုယ့်ကိုယ်စောင့်နတ်က စိတ်အနှောက်အယှက်ဖြစ်တယ်လို့ ခံစားရစေရင် ကိုယ်အဲဒီလူနဲ့ ဘယ်လောက်ကြာကြာတူတူနေခဲ့နေခဲ့… မရင်းနှီးသွားပါဘူး…
ဒါကြောင့်မို့ ကိုယ့်အပေါင်းအသင်းလေးတွေဟာ ကိုယ့်ကိုယ်စောင့်နတ်က ရွေးချယ်ထားတဲ့ သူတွေပါ…
တစ်ခုရှိတာက ကိုယ်က သူငယ်ချင်းတစ်ယောက်တည်းကို စွဲစွဲမြဲမြဲတွဲတာမျိုး မလုပ်တတ်ပါဘူး…
သွားအတူ လာအတူ စားအတူ ဆိုတဲ့ သူငယ်ချင်းမျိုးမရှိတတ်ပါဘူး… ကိုယ်နဲ့ အဲဒီလောက်ထိတူတဲ့ သူကိုလည်း ကိုယ်တစ်ခါမှ မတွေ့ဖူးပါဘူး… (လူတစ်ယောက်နဲ့ တစ်ခြားလူတစ်ယောက် အိပ်ယာနိုးချိန်လဲတူတူ၊ မနက်စာစားချိန်လည်းတူတူ၊ စားချင်တဲ့ ဆိုင်ချင်းလည်းတူတူ၊ သွားချင်တဲ့ နေရာချင်းလည်းတူတူ ဖြစ်နေတဲ့ လူ ၂ ယောက် လောကမှာ မရှိလောက်ဘူးထင်ပါတယ်)
ရုပ်ရှင်ကြည့်ချင်ရင် ရုပ်ရှင်ကြိုက်တတ်တဲ့ သူငယ်ချင်းနဲ့ သွားတယ်…
ဈေးဝယ်ထွက်ချင်ရင် ဈေးဝယ်ထွက်တာကြိုက်တဲ့ သူငယ်ချင်းနဲ့ …
ရှမ်းပွဲသွားမယ်ဆိုရင် ရှမ်းမလေးတွေနဲ့ ….
Show ပွဲသွားမယ်ဆိုရင် သီချင်းကြိုက်တတ်တဲ့ သူငယ်ချင်းတွေဆီ ကိုယ်သွားတယ်..
ဘီယာသောက်ချင်ရင် ဘီယာသောက်တဲ့ သူငယ်ချင်း… စသည်ဖြင့်… ခွဲထားတတ်ပါတယ်…
ကိုယ်လုပ်ချင်တာ တစ်ခုအတွက် ကိုယ့်သူငယ်ချင်း ဘယ်တစ်ယောက်ကိုမှ ကိုယ်အနှောက်အယှက် မပေးမိအောင် နေပါတယ်…
ဥပမာ… လေးဖြူမကြိုက်တဲ့ သူငယ်ချင်းကို IC show ကို ကိုယ်နဲ့ အဖော်လိုက်ဖို့ ကိုယ်မခေါ်ပါဘူး.. သူမလိုက်တဲ့အတွက်လည်း ကိုယ်စိတ်မဆိုးတတ်ဘူး…
အတတ်နိုင်ဆုံး ကိုယ်နဲ့တူတူရှိနေတဲ့ သူငယ်ချင်းကို လွမ်းမိုးဖို့မကြိုးစားဘူး … နှောင်ဖွဲ့ဖို့ မကြိုးစားဘူး..
ဒါက သူငယ်ချင်းတွေကိုမှ မဟုတ်ဘူး… ကိုယ့်ဘေးက လူတွေကို ကိုယ်သဘောထားတဲ့ သဘောထားပါ… လူတွေရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို ကိုယ်အတတ်နိုင်ဆုံး လေးစားမှူထားပေးဖို့ ကိုယ်အမြဲကြိုးစားပါတယ်…
သူငယ်ချင်းတွေနဲ့ ကိုယ် မထင်မှတ်ပဲ ဆုံတယ်..
မထင်မှတ်ပဲ ခင်တွယ်သွားကြပြီး…
မထင်မှတ်တဲ့ တခဏမှ ခွဲသွားကြရတယ်…
ကိုယ်က သူငယ်ချင်းတွေကို ထားခဲ့တဲ့ ခရီးတွေရှိပြီး…
ကိုယ့်ကို သူငယ်ချင်းတွေက ထားခဲ့တဲ့ ခရီးတွေရှိတယ်…
တူတူရှိခဲ့တုန်းက ၂၄ နာရီတူတူလုံး တူတူရှိခဲ့တဲ့ သူငယ်ချင်းတွေရှိတယ်…
ဟိုအရင်က အဲဒီလိုနေနေကြတဲ့ ကိုယ်တို့တွေဟာ…
အခုချိန်ကျတော့ တစ်ယောက်ယောက်က အပင်တစ်ပင်ကနေ ခြွေယူပြီး လေပြင်းနဲ့တူတူ လွင့်ပစ်လိုက်တဲ့ ရွက်ကြွေတွေလို ဟိုတစ်ရွက် ဒီတစ်ရွက်… ကမ္ဘာအနှံမှာ ပျံနှံလို့….
ရွက်ကြွေလို့သာ ကိုယ်သုံးလိုက်တာပါ… တကယ်က ကြွေလွင့်ခဲ့တာ မဟုတ်ပါဘူး…
ကိုယ်တို့ အစွမ်းရှိသမျှနဲ့ ရှင်သန်နေတဲ့ သစ်စေ့လေးတွေလို ရေမြေကောင်းမှာ ရှင်သန်ဖို့ ကြိုးစားနေကြတာပါ…
အဲဒီလို ကြိုးစားနေတဲ့သူတွေထဲမှာ အောင်မြင်တဲ့သူတွေရှိတယ်…
ကြိုးစားဆဲလူတွေရှိတယ်…
ကြွေလွင့်သွားတဲ့ သူတွေရှိတယ်….
ကိုယ့်ဘေးမှာ အခုချိန်ထိ ရှိနေသေးတဲ့ သူတွေရှိတယ်….
ပြန်တွေ့ဖို့ မျှော်လို့ရသေးတဲ့သူတွေရှိသလို… ပြန်မတွေ့နိုင်လောက်အောင်ကို ဝေးခဲ့တဲ့သူတွေလည်း ရှိတယ်..
သူငယ်ချင်းတစ်ချို့ကတော့… အခုထိ ညနေကျဆုံရအောင်ဆိုရင် ဆုံနိုင်တဲ့နေရာမှာ ရှိနေသေးပြီး …
တစ်ချို့အတွက်တော့ နှစ်ကုန်လောက်ကျရင် နင်နဲ့ ငါတွေ့နိုင်မယ်ထင်တယ်… ဆိုတဲ့ အဆင့်မှာပေါ့…
ဘယ်လိုပဲဝေးနေပါစေ…
သူတို့တွေမရှိပဲ … ကိုယ်ဆိုတာ ဖြစ်မလာနိုင်တာတော့ သေချာပါတယ်…
သူငယ်ချင်းတွေ အားလုံးကို သူငယ်ချင်းဆိုတဲ့ တန်ဖိုးအတိုင်းကိုယ်ထားပါတယ်… ဆိုတဲ့ အကြောင်းကို သူတို့တွေကို လူချင်းတွေ့ပြီး ပြောဖို့ အချိန်မရလိုက်မှာ စိုးရိမ်တဲ့အတွက်
ကိုယ် မရှိမဖြစ်သူငယ်ချင်းများ စာစုတွေကို ရေးပါတယ်…
း)x
ReplyDeleteနင့် ရဲ့ ကိုယ်စောင့်နတ် အပြင်မှာတွေ့လို့ကတော့ မလွယ်ဘူးမှတ်။း)x
ReplyDeleteအမယ်... ငါကိုယ်စောင့်နတ်က နင့်ကိုရွေးထားတယ်နော့်...
ReplyDeleteသူမကြည်ရင် shit+delete လုပ်လိုက်အုံးမရ်...
သတိထား