ကိုယ် တောင်ကြီးက ဖေဖေ၊ မေမေ အိမ်မှာ မနေတော့တာ (၁၀)နှစ်ကျော်လောက်ကြာခဲ့ပြီ… အသက် (၁၆) နှစ်ကတည်းက မန်းလေးမှာ ကျောင်းတတ်ဖို့စထွက်လာခဲ့တာ… အခု အသက် (၂၇) နှစ်ပြည့်ဖို့ (၂) လ နဲ့ (၂၆) ရက် လိုတဲ့အထိ တောင်ကြီးအိမ်ကို ခဏခဏပြန်ဖြစ်ပေမယ့် တစ်ပတ် ဆယ်ရက်ထက်ပိုနေဖြစ်တာဆိုလို့ … (၂) လဆိုတာ အကြာဆုံးပါပဲ… အဲဒီ (၂)လက (၂)ခါလောက်ရှိဖူးတယ်….
အခုတစ်ခါ အိမ်ပြန်ဖြစ်တာကတော့ အလုပ်ကနေ ခွင့် (၂) ပတ်ရတာရယ်၊ တန်ဆောင်တိုင်ပွဲရယ် ရှိတာရယ်ကြောင့် ပြန်လာဖြစ်တယ်။ တန်ဆောင်တိုင်ပွဲလို့သာပြောတာပါ ကိုယ်ပွဲထဲ တစ်ခါမှကို မရောက်သေးပါဘူး။ မနေ့ကတော့ ဖေဖေနဲ့ မေမေက လိုက်ပို့ပေးတယ်။ ဒါပေမယ့် ကားထားတဲ့နေရာကနေပဲ မီးပုံပျံကို ကြည့်နေရတာနဲ့ ကိုယ်စိတ်ညစ်ပြီး ပြန်လာခဲ့တယ်။ မီးပုံးပျံ ၃ လုံးကြည့်ခဲ့တာ ၁ လုံးက မီးလောင်သွားတယ်။ ကိုယ့်အမြင်တော့ ကိုယ်တို့ တောင်ကြီးသားတွေ မီးပုံးပျံလုပ်တဲ့ နည်းပညာကို ဒီထက်ပိုပြီး ဆန်းသစ်သင့်ပြီ ထင်တယ်။
ကိုယ်မီးပုံးပျံပွဲကို နောက်ဆုံးကြည့်ခဲ့တာ ၂၀၀၇ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက ကြည့်ခဲ့တဲ့ မီးပုံးပျံနဲ့ မနေ့က တွေ့ခဲ့တဲ့ မီးပုံးပျံနဲ့ အခြေအနေ သိပ်ကွာခြားသွားတယ်လို့ ကိုယ်မမြင်မိဘူး။ ကိုယ်ညံ့လို့လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့တော့ မီးပုံးပျံသွားကြည့်ဖို့ထက် ကိုယ်ဟာကို အိပ်ယာထဲမှာ စာရေးနေလို့ကို ပိုပြီး စိတ်ပါနေမိတယ်။
ကိုယ်မီးပုံးပျံပွဲကို နောက်ဆုံးကြည့်ခဲ့တာ ၂၀၀၇ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက ကြည့်ခဲ့တဲ့ မီးပုံးပျံနဲ့ မနေ့က တွေ့ခဲ့တဲ့ မီးပုံးပျံနဲ့ အခြေအနေ သိပ်ကွာခြားသွားတယ်လို့ ကိုယ်မမြင်မိဘူး။ ကိုယ်ညံ့လို့လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့တော့ မီးပုံးပျံသွားကြည့်ဖို့ထက် ကိုယ်ဟာကို အိပ်ယာထဲမှာ စာရေးနေလို့ကို ပိုပြီး စိတ်ပါနေမိတယ်။
တကယ်တော့ ပွဲထဲမှာ သူငယ်ချင်းတွေနဲ့ တူတူလည်နေရရင်တော့ ကိုယ်ပျော်ရင် ပျော်မယ်ထင်ပါတယ်။ ကံဆိုးချင်တော့ ကိုယ်တောင်ကြီးက မထွက်သွားခင် ရှေ့ပိုင်းက ကိုယ်ဟာ ပေါင်းသင်းဆက်ဆံရေး တော်တော်ညံ့ခဲ့တယ်။ ကိုယ့်မှာ တောင်ကြီးမှာ အပေါင်းအသင်းဆိုလို့ လက်ချိုးရေရင် လက်တစ်ဘက် မကုန်ဘူး။ ရှေ့ပိုင်းက သူငယ်ချင်းပိုစ့်တွေ ဖတ်ထားမိတဲ့ သူတွေကတော့ အံ့သြလိမ့်မယ်ထင်တယ်။ ကိုယ်တကယ်ပြောတာပါ။ ကိုယ်က နည်းနည်း အပေါင်းအသင်းရွေးတယ်။ ပြီးတော့ ငယ်ငယ်က တော်တော် ဂွကျခဲ့တဲ့ မိန်းကလေးဖြစ်လိမ့်မယ်ထင်တယ်။
မနေ့က ဖေဖေတို့ ကိုယ့်ကို ပွဲလိုက်ပို့တာက ရှေ့ရက်က ကိုယ်မောင်လေးနဲ့ တူတူသွားမို့ကို နောက်ကျနေလို့ မေမေက မသွားဖို့တားတယ်။ ကိုယ်စိတ်ကောက်လိုက်မိတယ်။ ဒါနဲ့ မနေ့ညကတော့ ချော့တဲ့အနေနဲ့ လိုက်ပို့တာပါ။ ဒါပေမယ့် ကိုယ်မပျော်ဘူး။ ကားပေါ်မှာထိုင် Cherry FM နားထောင်၊ မီးပုံးပျံစောင့်၊ ကားဘေးက ဖြတ်သွားကြတဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ကောင်လေး ကောင်မလေးတွေကိုကြည့်နဲ့ပေါ့။ အဓိက သတိထားမိတာကတော့ ဖုံတွေ တထောင်းထောင်းထနေတာပါပဲ။
ကားတွေရပ်ထားတာက တစ်စီးနဲ့ တစ်စီးကပ်ပြီး parking ထိုးထားတာပါ။ ကိုယ်တို့ကားနဲ့ ဘေးက ကားနဲ့ ကြားထဲမှာတော့ ကွက်လပ်လေးက နည်းနည်းကျယ်တယ်။ မီးပုံးပျံ တစ်လုံးတတ်ပြီး နောက်တစ်လုံး မီးလောင်သွားပြီးတဲ့ အချိန်ပြီး နောက်တစ်လုံးတတ်ဖို့ စောင့်နေတဲ့အချိန်မှာ အဲဒီကြားလေးထဲကို အတွဲတစ်တွဲ ဆာလာအိတ်လေးခင်းပြီး လာထိုင်ပါတယ်။ ချမ်းကလည်း ချမ်း၊ ချစ်ကလည်း ချစ်တယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပူးပူးကပ်ကပ်ပေါ့။ သူတို့ (၂) ယောက် ထိုင်လိုက်တဲ့နေရာက ကိုယ့်တံခါးပေါက်နဲ့ ကွက်တိပါပဲ။ စထိုင်လိုက်တဲ့ အချိန်ကတည်းကတော့ ထင်မိသား သူတို့ကို ကိုယ်တံခါးနဲ့ တိုက်မိရင်တိုက်မိ မဟုတ်ရင်လည်း သူတို့ကို ကိုယ်ဆင်းရင် တက်နင်းမိလိမ့်မယ်ပေါ့။
နောက်ပြီးတော့ ကိုယ်လည်း ရေဒီယိုကလာတဲ့ သီချင်းလေးတွေကိုပဲ အာရုံစိုက်နေလိုက်တယ်။
ခဏကြာတော့ နောက်ကြည့်မှန်ကနေ မီးပုံးပျံတစ်လုံး တတ်လာတာကို လှမ်းမြင်တော့ ကိုယ်မေ့ပြီး ကမန်းကတန်း တံခါးဖွင့်လိုက်မိတယ်။ သူတို့က အဲဒီအချိန်မှာ မီးပုံးပျံကို အာရုံမစိုက်အားဘူး။ တစ်ယောက်နှုတ်ခမ်းတစ်ယောက် အာရုံစိုက်နေတာနဲ့။ ကိုယ်လည်း တံခါးကို အားရပါးရ ဖွင့်ပြီးမှ ကြည့်လိုက်မိတယ်။ အားနာလိုက်တာ။ အဲဒါနဲ့ ကောင်မလေးကို ဆောရီးပြော ကောင်လေးကို ဆောရီးပြောနဲ့ ကိုယ်တော်တော် အလုပ်ရှုပ်သွားတယ်။
ခဏကြာတော့ နောက်ကြည့်မှန်ကနေ မီးပုံးပျံတစ်လုံး တတ်လာတာကို လှမ်းမြင်တော့ ကိုယ်မေ့ပြီး ကမန်းကတန်း တံခါးဖွင့်လိုက်မိတယ်။ သူတို့က အဲဒီအချိန်မှာ မီးပုံးပျံကို အာရုံမစိုက်အားဘူး။ တစ်ယောက်နှုတ်ခမ်းတစ်ယောက် အာရုံစိုက်နေတာနဲ့။ ကိုယ်လည်း တံခါးကို အားရပါးရ ဖွင့်ပြီးမှ ကြည့်လိုက်မိတယ်။ အားနာလိုက်တာ။ အဲဒါနဲ့ ကောင်မလေးကို ဆောရီးပြော ကောင်လေးကို ဆောရီးပြောနဲ့ ကိုယ်တော်တော် အလုပ်ရှုပ်သွားတယ်။
မီးပုံးပျံတတ်သွား၊ မီးကျည်တွေ၊ မီးရှူးတွေ ကောင်းကင်မှာ ဖြာကျ၊ လရောင်ကလင်း၊ ပွဲခင်းထဲက ရှမ်းအိုးစည်သံ ဆူညံညံနဲ့ပေါ့။ ကောင်လေးနဲ့ ကောင်မလေးကတော့ ဒီကားကြားက တဖဝါးမှ ခွာမယ့် သဘောမရှိ။ ခုနက အခြေအနေကို ကိုယ့်ဖေဖေ မေမေနဲ့ တူတူမြင်ရဲတဲ့ သတ္တိ ကိုယ့်မှာ မရှိပါဘူး။ အဲဒါနဲ့ အဲဒီမီးပုံပျံကြည့်ပြီးတော့ ကိုယ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ရက်တွေလည်း မိဘတွေကို ဒုက္ခပေးပြီး လိုက်မပို့ခိုင်းတော့မပါဘူး။ ကိုယ့် အိပ်ယာလေးထဲမှာ ကိုယ်ကိုယ်ကိုယ် စာရေးနေတာ စိတ်ချမ်းသာပါတယ်။
ကိုယ့်တူလေး ပြောသလို Pwal Yoke Yoke လို့ပဲပြောတော့မယ်။ သျှမ်းလိုပြောတာပါ။ ပွဲ မကောင်းဘူး လို့ အဓိပ္ပါယ်ရပါတယ်။ ပြောတဲ့ကိုယ်တူလေး သုံးနှစ်သားကတော့ အခုအချိန် ပွဲမှာ ဂုံးဂင်းဆွဲနေပါလိမ့်မယ်။ (ဂုံးဂင်းဆိုတာ လောင်းကစားတစ်မျိုးပါ၊ အကောင် ၆ ကောင်ကို ရွေးပြီး ထိုးရပါတယ်၊ အဲဒီ အကောင် ၆ ကောင်ပါတဲ့ အံစာတုံးပုံစံ အတုံးကြီးတစ်ခုကို စင်ပေါ်ကနေ ထိုးသားတစ်ယောက်က ထိန်းကြိုးကို ဆွဲချလိုက်ပြီး အဲဒီအတုံး အောက်ကိုလိမ့်ကျလာတဲ့အချိန်မှာ ကျတဲ့ အကောင်က ကိုယ်ထိုးထားတဲ့ အကောင်ဆိုရင် နိုင်ပါတယ်။) တန်ဆောင်တိုင်ပွဲ ဈေးတန်းရဲ့ တစ်ဝက်ကျော်လောက်က အဲဒီလို ဝိုင်းတွေပါ။ ကျန်တစ်ဝက်နီးပါးက စားသောက်ဆိုင်၊ ဘီယာဆိုင်၊ ပုံမှန်ပွဲတွေမှာ တွေ့ရတဲ့ ပွဲဈေးတန်းဆိုင်တွေပေါ့။
ငယ်တုန်းကတော့ တန်ဆောင်တိုင်ပွဲဆို အရမ်းပျော်ပါတယ်။ အခုတော့ တန်ဆောင်တိုင်ကို မုန်းတယ်။
အစားအစာတွေ အစုံ လျှောက်စားပြီး တန်ဆောင်တိုင်ပွဲဈေး ပတ်ချင်တာ...။ ဘာလို့ တန်ဆောင်တိုင်ကို မုန်းတာလဲဟင်။ လက်ချင်းချိတ်ပြီး အတူတူ သွားရမယ့်သူ မရှိသေးလို့များလားး))
ReplyDeleterose က တကယ်မရောက်ဖူးလို့ ...
ReplyDeleteရောက်ရင် စားချင်မယ်မထင်ဘူး ဖုန်တွေများလွန်းလို့လေ..
စားချင်တာ စားဖို့ မြို့ထဲမှာ ဆိုင်တွေရှိသားပဲကို...