အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Monday, November 14, 2011

Bla Bla Bla


သြော်… လူတွေ လူတွေ…
ချစ်သူမရှိတော့လည်း
ရည်းစားမရှိပဲ ဒီကောင်မလေး နေနိုင်လိုက်တာတဲ့….
အဲ …
ချစ်သူတဲ့သူကို တွေ့လို့ ချစ်မိပြန်တော့လည်း….
Bla Bla Bla…. တဲ့…. 


ကောင်မလေး ရည်းစားထားတာ
မနေနိုင်လို့မဟုတ်ပါ….
ဖြေရှင်းနေရမယ့် အဖြစ်လည်း မဟုတ်လို့
ပါးစပ်ပေါင်း ၄၆ ပေါက်ကို ပိတ်ဖို့ …
ဖြေရှင်းချက်မပေးပါ… 


ချစ်သူရေ…
တို့နှစ်ယောက် အကြောင်းလာမေးတဲ့
မေးခွန်းတွေအားလုံးအတွက်
အဖြေတစ်ခုတည်း ပေးလိုက်ပါ…
ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ… လို့… 


မင်းတို့…..
Bla Bla Bla လုပ်ရအောင်
ကိုရီးယားဇာတ်လမ်းတွဲမဟုတ်ဘူး….


မင်းတို့
Bla Bla Bla လုပ်ရအောင်
လိပ်တူချင်း လက်ထပ်မှာမဟုတ်ပါဘူး… 


မင်းတို့
Bla Bla Bla လုပ်ရအောင်
တခန်းရပ် ပြဇာတ်လည်း မဟုတ်ဘူး…


မင်းတို့
Bla Bla Bla လုပ်ရအောင်
အပေါစားဝတ္တုတစ်ပုဒ် မဟုတ်ဘူး… 


မင်းတို့
Bla Bla Bla လုပ်ရအောင်
ငါတို့ ၂ ယောက်ဘဝ တည်ဆောက်ရေးဟာ
မြစ်ဆုံစီမံကိန်းမဟုတ်ဘူး...

မင်းတို့
Bla Bla Bla လုပ်ရအောင်
ငါတို့ ၂ ယောက်ဘဝ တည်ဆောက်ရေးမှာ
ဘယ်သူ့ကိုမှ ငြမ်းအဖြစ်မသုံးဘူး…. 


P.S
ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ….. 


14th November 2011
1:47 AM

1 comment:

  1. မိုက်တယ် ဘာပြောရမှန်းတောင်မသိတော.ဘူး ... ကဲ Bla Bla Bla ပဲပြောလိုက်တော.မယ်

    ReplyDelete