ငါ့အတ္တတွေနဲ့ငါ …. တိုင်ပတ်နေတယ်….
ငါ……
ငါ့ဒွိဟတွေနဲ့ငါ…. တိုင်ပတ်နေတယ်…..
ငါဘာကောင်လဲ…
ငါဘာဖြစ်ချင်တာလဲ…
ငါဘာလိုချင်တာလဲ… ငါကိုယ်ငါတောင် မသိနိုင်တော့ဘူး….
လောကကြီးမှာ ငါတစ္ဆေတစ်ကောင်လို
ရှင်သန်နေတယ်…
အဲဒီတစ္ဆေကပဲ ငါကို ပြန်ခြောက်လန့်နေပြန်ရဲ့….
ငါဟာ သရဲဘောကြောင်တဲ့ ကောင်တစ်ကောင်ပါ…
ဖြစ်ချင်တာကို သိရက်နဲ့
ပထမခြေလှမ်းကို လဲကျမှာ ကြောက်ရွံပြီး
အလှမ်းခက်နေတဲ့….. သရဲဘောကြောင်တဲ့ တစ္ဆေတစ်ကောင်ပါ….
No comments:
Post a Comment