အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Wednesday, September 21, 2011

မရှိမဖြစ်သူငယ်ချင်းများ ၂


မရှိမဖြစ် သူငယ်ချင်းများ (၁)ကို ရေးထားခဲ့တာ တော်တော်ကြာခဲ့ပါပြီ…

ကိုယ်အထင် သုံး လေးနှစ်လောက်ကို ရှိခဲ့ပြီလား…

ဒီအတောအတွင်း ကိုယ်တို့တွေ တစ်ယောက်တစ်နေရာစီ ဝေးခဲ့ပါတယ်… ကိုယ်က သူတို့ဘေးက ထွက်သွားမိလိုက်၊ ပြန်ရောက်လာလိုက်၊ (ဘယ်အချိန်ပြန်သွားသွား လက်ခံပေးတဲ့ သူငယ်ချင်းလေးတွေကို ကိုယ် ကျေးဇူးလည်းတင်တယ်…. အရမ်းကို ချစ်ပါတယ်)… ကိုယ်သူတို့ဆီ ပြန်ေ၇ာက်သွားရင် ဒါဏ်ရာဒါဏ်ချက်တွေနဲ့ …

ဒါဏ်ရာတွေလည်း သက်သာရော နောက်တစ်ကြိမ် ပြန်ထွက်လာမိပြန်ရော… ကမ်းရိုးတန်းဒေဆီကို.. ဒီနေရာကတော့ မြစ်ဝကျွန်းပေါ်ထက်ကို ပိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ပြန်ဖို့ခက်ပါတယ်… ဒီတော့ ပင်လယ်ကြီးကို ကြည့်ပြီးလွမ်းလိုက်… ရေသံတွေကို နားထောင်ပြီးလွမ်းလိုက်ပေါ့…

သေချာတာကတော့ ဒီမှာ Blazon J-donut မရှိဘူး…
Shopping mill မရှိဘူး…
အဆင့်မီရုပ်ရှင်ရုံ မရှိဘူး… (PK က ကြည့်မယ်ဆိုရင်တောင် ကိုယ်မကြည့်ချင်ဘူး၊ ဒီက ရုပ်ရှင်ရုံက နိုင်ငံခြားကား လို့ခေါ်ရမလား၊ အင်္ဂလိပ်ကားလို့ ပြောရမလား၊ မြန်မာကားမဟုတ်တဲ့ ကားပေါ့ အဲဒီကားပြတဲ့အချိန်က မနက် ၉း၃၀ Saturday, Sunday ကိုယ် ဘယ်တော့မှ မထတဲ့အချိန်ပေါ့)
 Cappuccino မရှိဘူး…
L’AF မရှိဘူး…
Spacatti မရှိဘူး… 
ပန်းချီပြခန်း မရှိဘူး....

ကိုယ့်သူငယ်ချင်းတွေ မရှိဘူး...
အတွဲခုံမှာ တူတူထိုင်ပြီး ရုပ်ရှင်ကြည့်ရင်တောင်မှ ရုပ်ရှင်ပဲ ကြည့်တတ်တဲ့ ကိုယ့်သူငယ်ချင်းလေး မရှိဘူး… TN နဲ့ကိုယ် ၂ ယောက်တည်း ခဏခဏ ရုပ်ရှင်ကြည့်တတ်ပါတယ်… တစ်ခါတစ်ခါမှာ ရုပ်ရှင်ပွဲတော်တွေဆိုရင် ကိုယ်တို့ ၂ ယောက် အတွဲခုံက လက်မှတ်တွေ ရတတ်တယ်… နှစ်ယောက်ကြားထဲ မုန့်ထုတ်တွေနဲ့ ခြား လွယ်အိပ်တွေထားပြီး ရုပ်ရှင်တူတူကြည့်တတ်တယ်… သူက ကုလားဆင် ကိုယ်က ရှမ်းတရုတ် ရုပ်ကလည်း တခြားစီ၊ အရောင်ကလည်း မတူဆိုတော့ ကိုယ်တို့ ၂ ယောက် တူတူသွားရင် လူတွေ ကြည့်တာပိုခံရတတ်တယ်။ 
 Shopping Mill ရှိရင်တောင်မှ ခွက်တွေကိုတူတူ ရူးရူးသွပ်သွပ် ဆင်တူဝယ်ကြမယ့် သူငယ်ချင်းတွေ မရှိဘူး… ကိုယ် TN CM နဲ့ PK တို့က ခွက်တွေကို ရူးသွတ်တဲ့နေရာမှာ တူပါတယ်… အထူးသဖြင့် TN, CM နဲ့ ကိုယ်ပါ ကိုယ်တို့ ၃ ယောက်မှာ ဖြူဖြူ ညိုညို နီနီ ပြာပြာ မည်းမည်း  နဲ့ ရောင်စုံခွက်လေးတွေ ပုပု ရှည်ရှည် ဝဝ ပိန်ပိန် လှလှ ခွက်လေးတွေ အမျိုးအစားပေါင်းစုံအောင်ကို ရှိပါတယ်.. လမ်းဘေးမှာ တွေ့လည်းဝယ်တယ်… Shopping mill က ဆိုင်တွေမှာ တွေ့လည်း ဝယ်တယ်.. TN နဲ့ CM က မိသားစုနဲ့ တူတူနေတဲ့ သူတွေဆိုတော့ တစ်ခွက်ဝယ်တိုင်း အိမ်က ဆူတာခံရတယ်… ကိုယ်က တစ်ယောက်တည်းသမားဆိုတော့ အိမ်ပြန်သယ်တဲ့နေ့ကမှ တစ်ပေါင်းတည်း အဆူခံရတယ်… အခုတောင် ကမ်းရိုးတန်းမြို့လေးမှာ ကိုယ် ရောက်တာ ၈ လလောက်အတွင်း 
ရုံးမှာထားတဲ့ ခွက်၊
အိမ်မှာ ထားတဲ့ခွက်၊ 
အလှထားတဲ့ ခွက်.. 
ဘောပန်လေးတွေ ထည့်ထားတဲ့ ခွက်… 
TN က အချစ်များစွာနဲ့ တကူးတက ပို့ထားပေးတဲ့ ခွက်
ခေါင်းစဉ်မျိုးစုံနဲ့ စုစုပေါင်း ၁၀ ခွက်လောက်ရှိပြီလားပဲ … 
ဒီတစ်ခါလည်း တစ်ပေါင်းတည်း အဆူခံရအုံးမယ်… ကိုယ်တို့ တွေရဲ့ ခွက်တော်တော်များများမှာ အမှတ်တရဇာတ်လမ်းလေးတွေ ကိုယ်စီရှိကြတယ်။ 
ဘယ်နေ့က ဘယ်သူနဲ့ ဘယ်မှာ ဘာဖြစ်လို့ … ဆိုတဲ့ ဇာတ်လမ်းပေါင်းများစွာနဲ့…

ကိုယ့်ရဲ့ ကီးမဝင်တဲ့ အသံကို သည်းခံပြီး ဂစ်တာတီးပေးတဲ့ သူငယ်ချင်းမရှိဘူး… ဒီ၂ ယောက်ကတော့ ကိုယ်နဲ့တူတူ လှည်းတန်းတိုက်ခန်းကျဉ်းလေးမှာ တူတူနေခဲ့တဲ့ အမ၂ယောက်ပါ… အခု ၂ ယောက်လုံး ခြင်္သေ့ကျွန်းမှာ… ကိုယ်နားမလည်တဲ့ သောက်စရာ ဘာသာရပ်များ (Java, C+) တွေနဲ့ အသက်မွေးနေကြတယ်… တစ်ချိန်မှာ ၂၄ နာရီလုံး မတွေ့ချင်တဲ့အဆုံးဖြစ်နေတဲ့သူတွေ အခုတော့ တွေ့ချင်ပါတယ်ဆိုတာကို ၂၄ မိနစ်တောင် တွေ့ဖို့ မလွယ်တော့ပါဘူး… သူတို့ ၂ ယောက်လုံး ဂစ်တာတီးတတ်ကြတယ်… မီးပျက်တဲ့ ညများဆို သူတို့ ၂ ယောက်က တစ်လှည့်စီတီးကြတာပေါ့ ကိုယ်ကတော့ အသံသေးအသံကြောင်နဲ့ လိုက်အော်သမား...  

ညမအိပ်ပဲနေရင်တောင်မှ တူတူ မအိပ်ပဲ ဘလက်ကော်ဖီတူတူ သောက်ပေးမယ့် သူငယ်ချင်းမရှိဘူး… ကိုယ်က ညညဆို မအိပ်ပဲနေတတ်တယ်.. ဂိမ်းဆော့ချင်ဆော့.. ခွေကြည့်ချင်ကြည့်… စာဖတ်ချင်ဖတ်… တစ်ခါတစ်ခါ ကဗျာလိုလို စာလိုလိုတွေရေးပေါ့… အဲဒီလိုညတွေဆို တစ်ညလုံးကို ကော်ဖီမပျက်သောက်တတ်တယ်… အဲဒီအချိန်ဆို ကိုယ်နဲ့တူတူအကြာဆုံးနေခဲ့တဲ့ NauntOn က အဖော်ရပါတယ်… အစောပိုင်းနှစ်တွေတုန်းကတော့ သူက အိပ် ကိုယ်က မအိပ်ဘူးပေါ့… နောက်ပိုင်းနှစ်တွေမှာ သူက အရမ်းကိုကြိုးစားတယ် ကိုယ်အိပ်တဲ့အချိန်ဆို သူက Program ရေးတုန်း… ကိုယ်မနက်ထတဲ့အချိန်ဆို သူက ကွန်ပျူတာရှေ့ ရောက်နေပြီ… ဒီလိုညတွေဆို တစ်ယောက်တစ်လှည့် ကော်ဖီဖျော်တိုက်တတ်တယ်… မနက်ခင်းကော်ဖီကိုတော့ ကိုယ်က စောစောမနိုးတဲ့ ကောင်မလေးဆိုတော့… သူကိုယ့်အတွက် ဖျော်ပေးတာများပါတယ်…



ဆက်ပါအုံးမယ်

6 comments:

  1. Sorry Sohan, I don't want to make you cry.

    But dear, what I know is l'AF.
    for me is L'AF. :)

    ReplyDelete
  2. အင်း မိတ်ကောင်းဆွေကောင်းတွေရှိနိင်တဲ့ ကိုယ့်ဘ၀ကိုယ်ငါအရမ်းကျေနပ်ပါတယ်။ လူ့ဘ၀ဖြစ်ရကျိုးနပ်တဲ့အထဲကတစ်ခုပေါ့။ သူများတွေမိတ်ဆွေကံမကောင်းတာတို့ အခင်ဆုံး၊ အချစ်ဆုံးသူငယ်ချင်းတွေက သစ္စာဖောက်တာတို့ပြောရင် ငါနားမလည်ဘူး။ အဲဒါကိုက နင်တို့လိုသူငယ်ချင်းမျိုးရှိတာ ငါအတော်ကံကောင်းတယ်လို့ယူဆနေပါပြီ။အဲဒီ ကံကောင်းတာလေး အမြဲတည်မြဲနေဖို့ငါမျှော်လင့်ပါတယ်။ သတိရနေပါတယ် အတိတ်နေ့ရက်တွေ၊ ငါတို့တွေအရင်လို ပြန်ဆုံပြီးပျော်ရွှင်နေကြအုံးမှာပါ။ Best,
    PK

    ReplyDelete
  3. ငိုချင်လျက် လက်တို.နေပြီသူများကို ... အဖော်မရှိ(မိုက်ဖော်) ပျင်းလွန်းမကပျင်း လို. အခုတလော သေချင်ဇော်နံနေတယ် Sweetရယ်
    !_!
    Coffee Mug(steel) ကြီးလည်းကိုသတိရလာပြီ
    Sweet Guitar လေးကိုလည်းလွမ်းတယ်. အဲ.Guitar လေးရှိလို. နောင်.ဆိုတာ Guitarတီးတတ်လာတာပေါ. ...

    အခုတော. ဒီမှာ တခါတလေ ကိုယ်စားချင်တာမြိန်မြိန်လေး ချက်စားတယ် ဆိုရင်တောင် အတူစားပေးမယ် Sweetကမရှိဘူး !_!

    တခါတလေကျရင် မီးပျက်တာလေးကိုတောင် လွမ်းလာတယ်
    ဟိဟိ မီးပျက်တော. ပြည်လမ်းပေါ်သွားထိုင်ပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းတွေငေးကြည်.လို. ဟဟဟ

    ReplyDelete
  4. တော်သေးတယ် Nauntonက Gameတခုကို ဖြစ်မြောက်မြောက် မဆော.တတ်ဘူးလို.မရေးထားလို. :P

    Age of Empire ကိုဆော.ချင်လာပြီ ဘယ်လိုရနိုင်မလဲဟင်?

    ReplyDelete
    Replies
    1. www.4shared.com မှာ ရှာကြည့်ပါလား... ရမယ်ထင်တယ်

      Delete
    2. http://search.4shared.com/q/CCAD/1/age%20of%20empire
      ဒီလင့်မှာ ဝင် ဒေါင်းကြည့်ပါလား နောင့်ရေ

      Delete