အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Friday, September 16, 2011

အရိပ်ရဲ့ ဝိညာဉ်

သန်းခေါင်ထက်ည မနက်တော့ဘူးဆိုပေမယ့်လည်း…
မိုးအလင်းကို စောင့်ရတာလည်း
ကြာလွန်းပါတယ်….


အခုအသက်ရှူမဝဖြစ်နေတာ
ကော်ဖီသောက်တာများလို့လား
အတွေးတွေ များသွားလို့လား


မသေချာတဲ့ မျှော်လင့်ချက်တွေကြားမှာ
ဒုက္ခမရောက်ချင်လို့..
ငါ….
ထီဆိုင်ရှေ့တောင်..
လမ်းဖြတ်မလျှောက်တတ်ဘူး…


ငါလေ…
သတ္တိနည်းတဲ့ တစ္ဆေလေးတစ်ကောင်ပါ…
ကျေးဇူးပြုပြီး ညည မီးပိတ်ပြီး
မအိပ်ကြပါနဲ့လား…


၁၂း၃၈ နာရီ
၆.၀၇.၂၀၁၁...

No comments:

Post a Comment