အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Saturday, February 7, 2015

We've got tonight



ဒီမနက် Valentine’s day song collection Vol-1 ရော Vol-2 ရော ဒေါင်းပြီး အားရပါးရ နားထောင်ရင်းနဲ့ အခုသီချင်းလေးကို သတိရလိုက်မိတယ်။

သီချင်းလေးက “We’ve Got Tonight” by Kenny Rogers & Sheena Easton

ဒီသီချင်းဟာ ၁၉၇၈ ခုနှစ်ကတည်းက သီချင်းလေး၊ တကယ့်သီချင်းဟောင်းလေးပေါ့။

ဆွတ်ပျံကြည်နှူး၊ လွမ်းမောစရာ အပြည့်နဲ့ အချစ်သီချင်းလေး…

 

ပထမဆုံး

<<I know it’s late

I know you’re weary

I know your plans

Don’t include me>>

ဆိုတာလေး နဲ့ ဖွင့်ထားတယ်။ တီးလုံးလေးကလည်း တကယ့်ကို ငြိမ့်ငြိမ့်ညောင်းညောင်း။ ဆိုတဲ့အသံလေးကလည်း တကယ့်ကို ဆွေးဆွေးမြေ့မြေ့….

 

I know it’s late ……

နောက်ကျနေပြီဆိုတာ သူသိပါတယ်တဲ့။ ဘာကိုနောက်ကျနေလဲ ပြောမထားဘူး။ သူတို့ ၂ယောက်တွေ့တာ နောက်ကျခဲ့တာလား။ ဒါမှမဟုတ် မိန်းကလေး အိမ်ပြန်ဖို့နောက်ကျနေတာလား။

 

I know you’re weary …

မိန်းခလေး စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းနေပြီဆိုလည်း သူသိတယ်တဲ့။ ဒီလိုဆိုရင်တော့ ဒီမိန်းခလေးမှာ ပြဿနာတွေရှိပြီး တစ်ယောက်တည်းရင်ဆိုင်နေရလို့ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတာ ဖြစ်နေမလားလို့ တွေးမိသွားစေပါတယ်။ ဒီအချိန်မှာ ကောင်လေးရဲ့ အသံကလည်း တကယ့်ကို ဂရုဏာသံလေးနဲ့ ကြည်နာမှု အပြည့်နဲ့… စောင့်ရှောက်လိုစိတ်အပြည့်နဲ့

 

ဒါပေမယ့်

I know your plans, don’t include me…

မင်းအစီအစဉ်တွေ၊ မင်းရဲ့ အနာဂတ်တွေ အစီအစဉ်တွေကို ငါသိပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ ငါ့မပါပါဘူးတဲ့။ ကောင်မလေးက သူ့အနာဂတ်အတွက် အစီအစဉ်တွေလုပ်ထားပြီးသား။ တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့လား။ ဒါမှမဟုတ် ဒီနေရာကနေ အဝေးတစ်နေရာကို ထွက်သွားဖို့လား။ သေချာတာကတော့ အဲဒီ အစီအစဉ်တွေထဲမှာ ကောင်လေးမပါဘူး။ အစီအစဉ်ထဲမှာ ကောင်လေးနဲ့ တူတူဆိုတဲ့ ကိစ္စမပါဘူး။ အသက်ရူတောင် ရပ်သွားမလား အောင့်မေ့ရတယ်။ ကောင်မလေးဟာ ကောင်လေးမပါပဲ ဆက်သွားတော့မယ်။ ကောင်လေးနဲ့ ကောင်မလေးဟာ တစ်လမ်းစီ လျှောက်သွားရတော့မယ်ဆိုတာ လုံးဝ အတိအကျပါပဲ။


 

အဲဒီနောက် အခြေအနေနောက်တစ်ခုကို ဒီလိုလေးဆက်ထားလိုက်တယ်

<<Still here we are

Both of us lonely

Longing for shelter>>

 

Still here we are… ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့ ၂ယောက်လုံး ဒီနေရာမှာ ရှိနေသေးတယ်။ ကိုယ်တို့တွေ တူတူရှိနေသေးတယ်။

Both of us lonely… ကိုယ်တို့ ၂ ယောက်လုံး အရမ်းကို အထီးကျန်နေကြတာပဲ။

Longing for shelter…. နားခိုစရာတစ်ခုကို အရမ်းကို လိုချင်နေကြတာပဲ…

တစ်ယောက်တစ်လမ်းစီ သွားကြတော့မယ်ဆိုပေမယ့် လောလောဆယ်မှာတော့ သူတို့ ၂ယောက်လုံး တူတူရှိနေပြီး ၂ယောက်လုံးက နားခိုရာနေရာတစ်ခု နားခိုစရာ ရင်ခွင်ကို အရမ်းကို တမ်းတနေကြတဲ့ အထီးကျန်လူသား ၂ ယောက်ဖြစ်နေတယ်ဆိုတာလေးကို လုံးဝကို ပေါ်လွင်သွားလောက်အောင် စာသားတိုတိုလေးနဲ့ ဖော်ပြသွားနိုင်ပါတယ်။

 

<<From all that we see

Why should we worry

No one will care girl >>

ဘယ်သူကမှ ကိုယ်တို့ကို ဂရုစိုက်မှာ မဟုတ်ပါဘူး မိန်းခလေးရယ်။ ဘာတွေကိုများ စိတ်ပူနေဖို့လိုလို့လဲ… ဘာတွေကို ကိုယ်တို့ ကြောက်ဖို့လိုအပ်လို့လဲ။

သူတို့၂ယောက် ဘယ်နေရာမှာရှိနေလဲ မသိရပါဘူး။ Bar တစ်ခုမှာလား၊ ကပွဲခန်းမ ထဲမှာလား၊ ရုပ်ရှင်ရုံမှာလား ဒါမှမဟုတ် အိမ်တစ်အိမ်ထဲမှာလား၊ မြက်ခင်းပြင်ပေါ်မှာလား။ စိတ်ကူးယဉ်ကြည့်ချင်သလို ယဉ်ကြည့်လိုက်လို့ ရပါတယ်။

သေချာတာကတော့ သူတို့၂ယောက်လုံးအတွက် စိတ်ပူစရာမရှိတဲ့၊ ဘယ်သူမှလည်း သူတို့ကို စောင့်ကြည့်မနေတဲ့ နေရာတစ်ခုခုမှာပါ။

 

<<Look at the star now

So far away >>

ကြယ်တွေကို လှမ်းကြည့်လိုက်စမ်း။ ဟိုအဝေးကြီးမှာပဲ။ ဒီမှတော့ သီချင်းကို ခံစားနေတဲ့သူက သူတို့ ၂ယောက်ဟာ ကြယ်တွေကို လှမ်းမြင်နေတဲ့ နေရာတစ်ရာမှာ တူတူရှိနေတယ်လို့ ခံစားပုံဖော်ကြည့်လိုက်လို့ရပါပြီ။ မြက်ခင်းပြင်မှာ ဖြစ်ချင်ဖြစ်မယ်၊ အခန်း ဒါမှမဟုတ် အဆောက်အဦတစ်ခုရဲ့ ပြတင်းပေါက်ကနေ ကြယ်တွေကို လှမ်းတွေ့ရတာ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ၂ ယောက် လက်တွဲပြီး လမ်းလျှောက်နေလား။ သေချာတာတော့ အဲဒါဟာ ညအချိန်ပါပဲ။ ကြယ်တွေကို မြင်ရလောက်အောင် ရာသီဥတု ကြည်လင်နေတဲ့ ညလေးတစ်ညပေါ့။

 

<<We’ve got tonight

Who needs tomorrow

We’ve got tonight, babe

Why don’t you stay>>

ဒို့၂ယောက်အတွက် ဒီညရှိပါတယ်။ နက်ဖြန်ကို ဘယ်သူလိုအပ်လို့လဲ။ မင်းဘာကြောင့် ဆက်မနေမှာလဲ။

 

ကောင်လေးက ကောင်မလေးကို တောင်းဆိုပါပြီ။ နက်ဖြန်အထိ မတောင်းဆိုပါဘူး။ ဒီတစ်ညလေးပဲ တူတူရှိကြရအောင်ပါ။ မပြန်ပါနဲ့။ တကယ့်ကို တောင်းတောင်းပန်ပန် ဆွေးဆွေးမြည့်မြည့်။ မိန်းခလေး အထီးကျန် ၀မ်းနည်းနေတာ သူသိတယ်။ ဒါပေမယ့် သူ မိန်းခလေးအပေါ် အခွင့်အရေးယူတာမဟုတ်ပဲ တောင်းပန်ခယပြီးတော့ကို မပြန်ပါနဲ့ဟယ် လို့ ပြောတာပါ။ ဒီအချိန်မှာ မိန်းခလေး သူ့ကို ထားခဲ့လည်း သူက နေခဲ့ပေးမယ့် သဘောရှိပါတယ်။

 

ဒီအချိန်မှာ မိန်းခလေးက တုံပြန်စကားဆိုပါပြီ။

<<Deep in my soul

I’ve been so lonely

All of my hopes fading away

I’ve longed for love

Like everyone else does

I know I’ll keep searching after today>>

 

Deep in my soul

I’ve been so lonely

ကျမတကယ်ကို ကျမ၀ိညာဉ်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေကို အထီးကျန်နေတာပါ။ ကောင်လေးက မင်းအထီးကျန်တာ ငါသိပါတယ်လို့ ပြောတဲ့စကားကို မိန်းခလေးက ၀န်ခံလိုက်တာပါ။ တကယ်ကိုလည်း ပင်ပန်းနွမ်းနယ်တဲ့ အသံလေးနဲ့။ ၀မ်းနည်းကြေကွဲနေတဲ့ အသံနဲ့။

 

All of my hopes fading away….

ငါမျှော်လင့်ချက်တွေ အကုန်လုံးလည်း ပျောက်ကွယ်ကုန်ပြီတဲ့။ သူမရဲ့ အိမ်မက်တွေ တစ်ခုခုကြောင့် ပျက်စီးဆုံးရှုံးသွားလို့ တကယ်ကို ၀မ်းနည်းကြေကွဲနေတယ်။ အဲဒီအိမ်မက်တွေ ပျက်စီးသွားတယ် ရှင်ရယ်ဆိုပြီး တိုင်တယ် ပြောဆိုလိုက်တယ်။  

 

I’ve longed for love

Like everyone else does

I know I’ll keep searching after today

လူတိုင်းလိုပဲ သူများတွေလိုပဲ အချစ်ဆိုတာကို ကျမအရမ်းကို လိုချင်တမ်းတနေပါတယ်။ ဒီနေ့ပြီး နောက်ရက်တွေမှာလည်း ကျမ အချစ်ကို ဆက်လက်ရှာဖွေနေအုံးမှာပဲဆိုတာ ကျမကိုယ်ကျမသိပါတယ်။

မိန်းခလေးက သူတကယ်ပဲ အချစ်ကို လိုက်ရှာနေတယ်။ တစ်ခြားမိန်းခလေးတွေလိုပဲ တစ်ခြားလူတွေလိုပဲ နားခိုရာ ရင်ခွင်ကို သူလိုအပ်နေတယ်။ ဒီနေ့ပြီး နောက်ရက်တွေ၊ သူ့ဘ၀တစ်လျှောက်လုံးလည်း ဆက်ပြီး ရှာဖွေနေမိမှာပဲဆိုတာကို နောက်ယောကျာင်္းလေး တစ်ယောက်ရှေ့မှာ ဖွင်ဟ၀န်ခံလိုက်ပါတယ်။ ကောင်လေး သူ့ကို အကဲခပ်တာတွေ အကုန်လုံးဟာ အမှန်တွေပါပဲ ဆိုတာ ၀န်ခံလိုက်ပါတယ်။ သူမရဲ့ အသံမှာ သူမဟာ အထီးကျန်ပြီး နှစ်သိမ့်မှုကို အရမ်းလိုအပ်နေတာကို နားဆင်နေတဲ့သူကပါ သူနဲ့တကွလိုက်ခံစားလိုက်ရပါတယ်။


[Kenny:]
So there it is girl
I've said it all now
ဒီအချိန်မှာ ကောင်လေးက ဒါဆိုရင်လည်း မိန်းကလေးရယ်…. ငါစကားကုန်အောင် ပြောပြီးသားပါ…
ငါ့စကားကို မင်းနားလည်မှာပါဆိုတဲ့ အဆိုမျိုးနဲ့ စကားပြန်ပါတယ်။

အဲဒီနောက်မှာတော့ သူတို့၂ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းလိုအပ်နေတယ်ဆိုတာ သိရှိသွားပါတယ်။
We’ve got tonight, babe… ဆိုပြီး သံပြိုင်ဆိုလိုက်တဲ့ အသံကို ကြားရချိန်မှာတော့ သူတို့၂ယောက်ဟာ ဒီနေ့ညတော့ တူတူရှိကြဖို့ သဘောတူလိုက်ကြပြီဆိုတာ သိလိုက်ရပါတယ်။
နောက်နေ့တွေကို သူတို့ မသိသေးပါဘူး။ သိဖို့လည်း မလိုအပ်သေးပါဘူး။

[Kenny:]
Turn out the light

[Sheena:]
Oooooh-ho, come take my hand now
ကောင်လေးက မီးတွေ ပိတ်လိုက်ရအောင်တဲ့
ကောင်မလေးက ငါ့လက်ကို တွဲပါအုံးတဲ့….
သူတို့တွေဟာ မီးပိတ်လို့ရတဲ့ နားခိုရာ တစ်နေရာကို ၂ယောက်တူတူရောက်ရှိသွားတယ်လို့ ကျမတို့ သဘောပေါက်လိုက်လို့ရပါတယ်။

တကယ့်ကို ဆွတ်ပျံ့ကြည်နှုး၊ လွမ်းမောစရာ အချစ်သီချင်းလေးပါပဲ။ သူတို့၂ယောက်စီမှာ တစ်ယောက်နဲ့ တစ်ယောက် နှောင်ကြိုးဖွဲ့မှုတွေမရှိဘူး။ ဒါပေမယ့် သူတို့အနာဂတ်ကို သူတို့အတင်းစွတ်မေ့ထားရတဲ့ ရသကိုလည်း မပျောက်သွားပါဘူး။ နောက်တစ်ရက်မှာ သူတို့ တူတူရှိအုံးမလား။ အဝေးဆုံးကို ထွက်သွားရမှာလား။ တစ်ချိန်မှာ ပြန်ဆုံဖို့ မျှော်လင့်ချက်တစ်စုံတစ်ရာရှိသေးလား။ မေးခွန်းပေါင်းများစွာနဲ့ သီချင်းလေးဟာ အဆုံးသတ်သွားပါတယ်။

နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပေမယ့် ကျမအတွက်တော့ ဘယ်တော့မှ ရိုးမသွားတဲ့ သီချင်းတစ်ပုဒ်ပါ။

Nang Thiri Aung
7:13 PM
07/02/2015
At Monywa

"We've got tonight" for download

No comments:

Post a Comment