အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Wednesday, February 4, 2015

စိုပြေရေးသတဲ့ သရော်စာများ (နောက်တစ်အုပ်)




စာအုပ်နာမည်မှာကိုက ဘယ်သူရေးလည်း ဘာရေးလဲဆိုတာ ဘယ်နှစ်အုပ်မြောက်လဲဆိုတဲ့ အချက်အလက်တွေက ပါသွားပြီးသားဆိုတော့ ကျမ ထုတ်လုပ်သူနဲ့ ဈေးနှုန်းကိုပဲ ထပ်ဖြည့်စရာကျန်ပါတယ်။ ၁၅၀၀ ကျပ်ပေးရပါတယ်။ (simcard တစ်ကဒ်ဈေးပေါ့)။ သက်ခိုင်စာပေမှ ဖေဖေါ်ဝါရီလ ၂၀၁၅ မှာ ပထမအကြိမ် ထုတ်ဝေပါတယ်။ 

သရော်စာပေါင်း ၃၅ ပုဒ်ပါပါတယ်။ တစ်ပုဒ်ကို ၄၂.၈၅ ကျပ်ပဲကျပါတယ်။ (သူရေးတဲ့ သေ၇ာ်စာတွေ ဖတ်နေတာဆိုတော့ သူ့လိုပဲ သရော်တော်တော်တွေးမိလို့ပါ။)
ဖတ်နေရင်း သဘောကျလွန်းအားကြီးလို့ တစ်ဝက်လောက် ဖတ်အပြီးမှာ စာအုပ်အကြောင်း အရင်မျှဝေချင်စိတ်က တားမရဖြစ်လာတယ်။ အစားကောင်းစားနေရင် အချစ်ဆုံးသူတွေကို သတိရတတ်သလို စာကောင်းဖတ်နေရင်းနဲ့ မျှဝေချင်စိတ်ပေါ်လာတယ်။ 

ကိုစိုပြေဟာ သတင်းထောက်တစ်ယောက်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ညမှာ ပြိုင်ကားတစ်စီး ၀င်တိုက်တာခဲ့ရခဲ့ပြီး ၆ လခန့် အနားယူ ဆေးကုခဲ့ရတယ်။ အဲဒီ ၆ လအတွင်းမှာ သူဟာ သရော်စာများ စတင်ရေးသားခဲ့ပြီး Facebook ပေါ်တင်ခဲ့ရာက တစ်စတစ်စ လူသိများလာသူ တစ်ဦးဖြစ်ပါတယ်။ Facebook Note တွေက တဆင့် ဂျာနယ်များမှာ သူ့သရော်စာတွေ ပါလာရာကစလို့ ၂၀၁၄ ခုနှစ်အတွင်းမှာ စိုပြေရေးသတဲ့ သရော်စာများ ဆိုပြီး ပထမစာတစ်အုပ် ထွက်ခဲ့ပြီးဖြစ်ပါတယ်။ ကိုစိုပြေရေးတဲ့ သရော်စာတွေဟာ မင်းလူ၊ သစ္စာနီတို့ သရောစာတွေလိုပဲ ဟာသလေးတွေနောပြီး ရေးထားတဲ့ စာကောင်းလေးတွေဖြစ်ပါတယ်။ သူသရော်တာခံရရင်တောင်မှပဲ စိတ်တောင်မဆိုးနိုင်ပဲ ပြုံးမိမလားတောင် မသိပါဘူး။ 

ယခု ဒုတိယတစ်အုပ်မှာတော့ ခေါင်းလောင်းကြီးအကြောင်း၊ ဖုန်းအကြောင်း၊ အိုဘာမား အလည်လာတဲ့ အကြောင်း၊ ဒါန်ပေါက်အကြောင်း၊ အရက်သမားတို့အကြောင်း၊ ဟိုတစ်လောက ပေါ်လာတဲ့ ဥပဒေမူကြမ်းအကြောင်းတွေနဲ့ အခြား ကာလပေါ်အကြောင်းအရာများစွာကို သရော်ရေးသားထားပါတယ်။
သူရေးထားတဲ့ တစ်ချို့စာပိုဒ်လေးတွေကို စာမြည်းအနေနဲ့ ထည့်ပေးလိုက်ပါတယ်။
=================
ခေါင်းလောင်းကြီးကို မတွေ့သေးသော်လည်း ဒီခေါင်းလောင်းကို မွန်ပိုင်တယ်။ ဗမာပိုင်တယ် စသည်ဖြင့် အငြင်းပွားကြပြန်သည်။
ခေါင်းလောင်းကို သွန်းသည့် ဓမ္မစေတီမင်းက မွန်လူမျိုးဟု သိရသည်။ ပေါ်တူဂီက ယူသွားသဖြင့် ပေါ်တူဂီပိုင်တယ်ဟုတော့ မဆိုကြသေး။ စီရော်နယ်ဒိုတို့ မသိသေးလို့ ဖြစ်မည်။ (ဂြိုလ်မွေသည့် ခေါင်းလောင်းမှ)
=============
ထိုစာအုပ်ကို မကြာမီ ရုပ်ရှင်ရိုက်တော့မည်။ မင်းသားမင်းသမီးများ ရှာဖွေနေသည်ဟု ဆိုကြသည်။
ရုပ်ရှင် ဗီဒီယိုလောကကြီး တစ်ခုလုံး လှုပ်ရှားသွားတော့သည်။
မော်ဒန်လောကကြီးလည်း လှုပ်ရှားသွားလေသည်။
ယခုရက်ပိုင်းအတွင်း ဖေ့ဘုတ်ပေါ်တွင် နာမည်ကြီးလာသူကတော့ အောင်ရင်ငြိမ်းပင်။ (ရိုမန်ဘော့မှ)
==============
ထိုသို့ ရှေးဟောင်းအ၀တ်အစားများနှင့် ဆန္ဒပြရန် ရောက်လာသူများကိုတော့ ရန်ကုန်သားများ မြင်ဖူးပါလိမ့်မည်။ မြင်ဖူးရုံတင်မက ကိုယ်တိုင်ကိုယ်ကျလည်း အုန်းပွဲငှက်ပျောပွဲများ ဆက်ကပ်ဖူးသူများ ဖြစ်ကြပါသည်။
ရှေ့ဆုံးက ကြွချီလာသူကတော့ေ၇ွတိဂုံဘုရားတွင်နေသော ရန်ကုန် ဘိုးဘိုးကြီးဖြစ်၏။ (အုန်းတော်လှန်ရေးမှ)
===================
အိုဘားမားအနေဖြင့် လူမုန်းများလို့သာ ဒီလိုလုံခြုံရေးတွေ အများကြီးနှင့် လာတာဖြစ်ရမည်။
မြန်မာခေါင်းဆောင်တွေဆိုလျှင် လူချစ်လူခင်များလွန်းတော့ လုံခြုံရေးပင်မယူ။
အိုဘားမားအနေဖြင့် မြန်မာခေါင်းဆောင်များကို အတုယူသင့်သည်။ (အိုဘားမားနှင့် ရန်ကုန်မြို့)
==========
ဘုန်းဘုန်းတွေက အော်ရီဒူးဖုန်း မသုံးဖို့ ဟောပြောထားသည်။ ဒီဖုန်းသုံးလျှင် အမျိုးသားသစ္စာဖောက်ဟု ဆိုမည်တဲ့။
ဒါကို လူတွေက အလုအယက်ပင် ၀ယ်နေကြသည်။ ဒါဆို ဘုန်းဘုန်းစကားကို လူတွေ နားမထောင်ကြသည့် သဘော။
ဖုန်းမျက်နှာမြင်တော့ ဘုန်းဘုန်းစကားပင် နားမထောင်နိုင်တော့။ (အမျိုးသား သစ္စာဖောက်များမှ)
==============
ခင်ဗျား ဟမ်းဆက်က တူးဂျီကြီးနဲ့ တူတယ်။ ဒါကြောင့် မရတာ
လာပြန်ပြီ တူးဂျီ၊ ဇာတ်နိမ့်ကောင်။ (အမျိုးသား သစ္စာဖောက်များ ၂ မှ)
=============
ကိုစိုပြေရဲ့ ထိမိလှတဲ့ အရေးအသားတွေကို ဖတ်ပြီး ပြုံးကြရယ်ကြရမှာပါ။ စာအုပ်မ၀ယ်ဖြစ်သေးရင်တော့ သူရဲ့ Facebook မှာ သွားဖတ်လို့ရပါတယ်။ (ကျမတော့ အဲဒီလိုပဲ ဖတ်နေကြ)



No comments:

Post a Comment