အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Monday, February 2, 2015

ကျောင်းတုန်းက သူငယ်ချင်းတွေ

စာအုပ်အမည်                          - ကျောင်းတုန်းက သူငယ်ချင်းတွေ
ဘာသာပြန်သူ                          - တင်မောင်မြင့်
မူရင်းစာအုပ်အမည်                  - Friend Forever
မူရင်းစာရေးသူ                         - Danielle Steel
တန်ဖိုး                                      - ၃၅၀၀ ကျပ်
ထုတ်ဝေသူ                              - လင်းလွန်းခင် စာပေ
                                                  ပထမအကြိမ် (၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ) 




ကျမဖတ်ဖူးသလောက် ဆရာ တင်မောင်မြင့်ဟာ အလွမ်းအဆွေး၊ အချစ်တွေကို ဘာသာပြန်ရာမှာ အရမ်းကို ထိထိရောက်ရောက် ဘာသာပြန်နိုင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ အခုစာအုပ်လေးကို စာအုပ်နာမည်လေးကို ကြိုက်တာရယ် ဆရာဘာသာပြန်ကို သဘောကျတယ်ရယ် အကြောင်း၂ခုကြောင့် ကျမ၀ယ်လာဖြစ်တာပါ။

မူရင်းစာရေးဆရာမကတော့ ၁၉၇၉ ခုနှစ်ကနေ ယခုချိန်ထိ ၀တ္တုပေါင်း ရာကျော်ကို ရေးသားခဲ့ပြီးသူဖြစ်ပြီး အမရိကန် ၀တ္တုရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ Friend Forever ကို ၂၀၁၂ မှာ ထုတ်ဝေခဲ့ပြီး သူရဲ့ ၈၇ အုပ်မြောက်စာအုပ်ဖြစ်ပါတယ်။

မနေ့ညကတော့ စာအုပ်စင်ပေါ်ကနေ ဒီစာအုပ်ကိုယူ အိပ်ယာဝင်ချိန်မှာ ဖတ်မယ်ဆိုပြီး ဖတ်လိုက်ရာက စာအုပ်ပြီး မနက် ၅နာရီခွဲမှ ကျမအိပ်ရပါတယ်။ လက်ကမချနိုင်လောက်အောင် ရသအရာမှာ ကောင်းလွန်းတဲ့ စာအုပ်တစ်အုပ်ပါ။

ငါးနှစ်သားအရွယ်ကတည်းက စခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းငါးယောက်ရဲ့ ဘ၀ကို သူတို့ အရွယ်ရောက်ချိန်အထိ ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးပါ။
တစ်ယောက်ချင်းစီမှာ သူတို့ရူးသွတ်တဲ့အိမ်မက်တွေရှိတယ်။
အဲဒီအိပ်မက်တွေကို သူတို့ အကောင်အထည်ဖော်ကြတယ်။
ဆယ်ကျော်သက်ဘ၀မှာ သူတို့တွေ ပျော်ရွင်စရာတွေ၊ ၀မ်းနည်းစရာတွေ၊ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ၊ လောကဓံကို လူငယ်တွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲ ဆိုတဲ့အကြောင်းတွေ။ အချစ်အလွမ်း၊ အငို အဆွေး၊ ရင်ခုန်ဖွယ်လေးတွေ အရသာစုံကို ထည့်ရေးထားတဲ့ ဇာတ်လမ်းလေး တစ်ခုပါ။

မရှက်တမ်းဝန်ခံရမယ့်ဆိုရင် ကျမစာအုပ်ကို ဖတ်ရင်းက တစ်ရှံ့ရှုံ့ငိုမိတဲ့အထိ အရေးအဖွဲ့နဲ့ ဇာတ်လမ်းက ကောင်းပါတယ်။ (ကျမကိုကလည်း စိတ်ပျော့ပုံရပါတယ်)။

ရသစာပေကြိုက်တဲ့ စာအုပ်ချစ်သူတွေကို ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
သူငယ်ချင်းကို ချစ်သူထက်ပိုချစ်တတ်တဲ့ သူတွေလည်း ဖတ်သင့်တဲ့ စာအုပ်လေးပါ။

No comments:

Post a Comment