အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Sunday, March 15, 2015

တိမ်တွေဖုံးတဲ့လ ၃


ခုတော့လည်း
ခေါင်းလောင်းသံလေးလည်း တိတ်ဆိတ်လို့…
ဖိနပ်လေးတွေလည်း ငြိမ်သက်လို့….
သံစဉ်တွေလည်း ပျောက်ဆုံးလို့….
ရင်ခုန်သံတွေ တိုးတိတ်ဆိတ်ငြိမ်လို့….

ဒို့တွေသွားမယ့်
destination တူတူဖြစ်ပေမယ့်…
လက်တွဲပြီး တူတူသွားဖို့ ဖြစ်နိုင်ပါ့မလား…

ခုတော့လည်း
ခေါင်းလောင်းသံလေးလည်း တိတ်ဆိတ်လို့…
ဖိနပ်လေးတွေလည်း ငြိမ်သက်လို့….
သံစဉ်တွေလည်း ပျောက်ဆုံးလို့….
ရင်ခုန်သံတွေ တိုးတိတ်ဆိတ်ငြိမ်လို့….
တမ်းတခြင်းတွေလည်း အေးစက်လို့..

ဒို့တွေသွားမယ့်
destination တူတူဖြစ်ပေမယ့်…
လက်တွဲပြီး တူတူသွားဖို့ ဖြစ်နိုင်ပါ့မလား…
ပန်းတိုင်ကို ရောက်ဖို့တော့ နင်ရဲ့ အဝေးက အားပေးမှုနဲ့တင် လုံလောက်တာထက် ပိုလျှံနေပါပြီ သူငယ်ချင်းဟောင်းလေးရေ…

ခုတော့လည်း
ခေါင်းလောင်းသံလေးလည်း တိတ်ဆိတ်လို့…
ဖိနပ်လေးတွေလည်း ငြိမ်သက်လို့….
သံစဉ်တွေလည်း ပျောက်ဆုံးလို့….
ရင်ခုန်သံတွေ တိုးတိတ်ဆိတ်ငြိမ်လို့….
တမ်းတခြင်းတွေလည်း အေးစက်လို့..
ဆောင်းမယ်လို့ ကြံရွယ်ထားတဲ့ ထီးကလေးလည်း တံခါးထောင့်လေးမှာ အိပ်စက်လို့…..

ဒီလိုနဲ့
ဒီတပ်မတ်စိတ်ဟာ
တစ်ဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားမလား….
ဖျက်ကနဲ့ ပျောက်ဆုံးသွားမလား…
တစ်ဖြည်းဖြည်း ပြန်တိုးပွားလားမလား…
ချက်ခြင်းပြန်ထင်ရှားလာမလား…

ကျမစောင့်ကြည့်နေပါတယ်….. 

၁၅ရက် မတ်လ ၂၀၁၅ (၁၁း၃၀ AM) 
မြကန်သာ အိမ်ယာ၊ ရန်ကုန်။




Edited Version.

ခုတော့လည်း
ခေါင်းလောင်းသံက တိတ်ဆိတ်
ဖိနပ်တွေက ငြိမ်သက်
သံစဉ်တွေက ပျောက်ဆုံး
ရင်ခုန်သံတွေက တိုးတိတ်ဆိတ်ငြိမ်

Destination တူပေမယ့်လည်း
အတူလက်တွဲလို့က မဖြစ်နိုင်။

ခုတော့လည်း
ခေါင်းလောင်းသံက တိတ်ဆိတ်
ဖိနပ်တွေက ငြိမ်သက်
သံစဉ်တွေက ပျောက်ဆုံး
ရင်ခုန်သံတွေက တိုးတိတ်ဆိတ်ငြိမ်
တမ်းတခြင်းက အေးစက်စက်

Destination တူပေမယ့်လည်း
အတူလက်တွဲလို့က မဖြစ်နိုင်။
ပန်းတိုင်ကို သွားဖို့ အင်အားကို
အဝေးကြီးက အားပေးသံနဲ့သာ
ဖြည့်တင်းခဲ့ရပြီ
အတိတ်ဟောင်းက သူငယ်ချင်းရေ။

ခုတော့လည်း
ခေါင်းလောင်းသံက တိတ်ဆိတ်
ဖိနပ်တွေက ငြိမ်သက်
သံစဉ်တွေက ပျောက်ဆုံး
ရင်ခုန်သံတွေက တိုးတိတ်ဆိတ်ငြိမ်
တမ်းတခြင်းက အေးစက်စက်
တစ်ချိန်မှာ ဆောင်းဖြစ်မယ်ထင်ခဲ့တဲ့
ထီးတစ်ချောင်းက တံခါးထောင့်မှာ အိပ်စက်

ဒီလိုနဲ့
ဒီတပ်မတ်စိတ်ဟာ
တစ်ဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားမလား….
ဖျက်ကနဲ့ ပျောက်ဆုံးသွားမလား…
တစ်ဖြည်းဖြည်း ပြန်တိုးပွားလားမလား…
ချက်ခြင်းပြန်ထင်ရှားလာမလား…

ကျမစောင့်ကြည့်နေပါတယ်…..

No comments:

Post a Comment