အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Friday, February 17, 2012

မေးခွန်းများ

အောက်ပါ မေးခွန်းများကို ဖြေပါ။
၁) လောကတွင် လူသားဆန်အောင် နေထိုင်နိုင်ရန် အလွန်ခက်ခဲလွန်းပြီး ပေတံများသည် အလွန်တရာ မာကြောနေတတ်ပါသလား။

၂) ထိုပေတံများသည် ရံဖန်ရံခါ အခြေအနေ၊ နေရာဒေသ၊ အတွေးအခေါ်များပေါ် မူတည်ပြီး အဘယ်ကြောင့် ပြောင်းလဲတတ်သည်ကို သင်နားလည်သလို ရှင်းလင်းဖြေဆိုပါ။

၃) လူတို့သည် မိမိကိုယ်တိုင် မထိမကိုင်နိုင်၊ အမှန်အမှားမခွဲခြားနိုင်သော တစ်ချို့သော စည်းမျဉ်း စည်းကမ်းတို့ကို အဘယ်ကြောင့် ယုံကြည်စွာဖြင့် လိုက်နာကျင့်သုံးနေကြသနည်း။

၎) ငရဲဆိုသည်မှာ အဘယ်နည်း။ (ရောက်ဖူးခဲ့လျှင် ဖြေဆိုပါ)

၅) အမှားအချို့သည် ထောက်ခံသူရာခိုင်နှုန်းများသဖြင့် (သို့မဟုတ်) ကျင့်သုံးသူ ရာခိုင်နှုန်းများသဖြင့် (သို့မဟုတ်) မှားယွန်းမှု အချိန်ကာလ ကြာရှည်သွားသဖြင့် အမှန်အဖြစ်သို့ အသွင်ပြောင်းလဲသွားနိုင်သည်။ အချို့အမှန်များမှမူ ဆန့်ကျင်ဘက် အခြေအနေတွင် တည်ရှိနေတတ်သည်။ အမှန် အမှား ခွဲခြားရှင်းပြပါ။

၆) လူသားဆန်စွာ ရှင်သန်ခြင်းအကြောင်း ရှင်းလင်းဖြေဆိုပါ။

2 comments:

  1. စဉ်းစားသွားတယ်။

    ReplyDelete
  2. ကိုယ်လည်း စဉ်းစားနေတုန်းပဲ...

    ReplyDelete