အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Monday, February 27, 2012

ပြောင်းပြန်ပေါက်နေတဲ့ သစ်ပင်ငယ်

My Tree by Su Linn
ငါ သစ်ပင်ငယ်
ငါ့မှာ အဟာရကို စုပ်ယူဖို့ အမြစ်တွေရှိတယ်
ငါ့မှာ ရှင်သန်ကြီးထွားနိုင်ဖို့ အကိုင်းအခက်တွေရှိတယ်
ငါ့မှာ အောက်စီဂျင်ထုတ်ပေးနိုင်တဲ့ သစ်ရွက်တွေရှိတယ်
ငါ့မှာ ချိုမြိန်တဲ့ သစ်သီးတွေ၊ လှပတဲ့ ပန်းပွင့်တွေ သီးပွင့်ပေးနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်

တစ်ခြား အပင်တွေနဲ့ ငါနဲ့ကို 
နှိုင်းယှဉ်ကြည့်ရင်
ငါဟာ ပြောင်းပြန်ရှင်သန်နေတဲ့ 
အပင်ငယ်တစ်ပင်ဖြစ်ပေမယ့်... 

ငါ့ကို အပင်တစ်ပင်အဖြစ်တော့
အသိအမှတ်ပြုပေးကြပါ....

ငါရှင်သန်ဖို့အတွက်
မြေသြဇာမလိုဘူး၊ လေသြဇာမလိုဘူး

မုန်တိုင်းတွေ  ထန်ခဲ့သလို 
လေနုအေးမှာလည်း ပျော်မြူးခဲ့ပြီ..............


ပြောင်းပြန်ရှင်သန်နေတဲ့ သစ်ပင်ငယ်ဟာလည်း
အတည့်ရှင်သန်နေတဲ့ သစ်ပင်ကြီးငယ်များလိုပဲ
သစ်ပင်တစ်ပင်ပါ

ပြောင်းပြန်ပေါက်နေတဲ့ သစ်ပင်ငယ်ပါ (ဒါပေမယ့်)
ငါ ရှင်သန်နိုင်တယ်.... 
ငါ သီးပွင့်နိုင်တယ်.... 



P.S 
ပြီးပြည့်စုံခြင်းဆိုတာ ကောင်းကင်ဘုံမှာတောင် ရှိပါရဲ့လား

မှတ်ချက်                                                                              
၁) သူငယ်ချင်း ဆုလင်းရေးဆွဲတဲ့ ပန်းချီကားလေးပါ... 
၂) ဒီပုံလေးကို ကိုယ့်ကို မျှဝေခံစားခွင့်ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်....
၃) ဒီပုံလေးကို ကိုယ်ဘလော့ရဲ့လိုဂိုလေး အဖြစ်လဲ သုံးထားပါတယ်.... 
၎) ကိုယ်ခံစားလိုက်တာက သူပေးချင်တဲ့ Message ဟုတ်ရဲ့လားဆိုတာတော့ မသေချာပါဘူး....


ကဗျာလေးကမိုက်တယ်သူငယ်ချင်း... Bravo!!ဆွိ...တကယ်တော့ ပန်းချီကပေးတဲ့ message ဆိုတာ ကိုယ်ကြိုက်သလိုခံစားဖို့ပါ... အဲဒီ့ပန်းချီကား ရဲ့Essence ကို တော့ နင်တို့ ငါတို့လို Odd တွေအတွက်ကို တော်တော်လေး ကိုယ်စားပြုတယ်ထင်ပါရဲ့ Against the Logic လေ... ငါ့အတွက်ကတော့ ကဗျာရေးဖို့ စကားလုံးတွေ မလုံလောက်တဲ့အခါ... Beyond the words ဆိုတဲ့ ခံစားချက်တွေ ပြင်းပြလာတဲ့အခါ... ပန်းချီကတော့ ထွက်ပေါက်ပဲ...တကယ်တမ်း အဲဒီ့ပန်းချီကားမှာ ငါလောကီနဲ့ လူ့အသိုင်းအ၀ိုင်းကို မဆန့်ကျင်နိုင်သေးတဲ့ messages တွေပါနေတယ်ဟ...သေချာကြည့်ရင် သိနိုင်တယ်.. ငါလည်း ဆွဲပြီးပြန်ကြည့်မှ ၀မ်းနည်းတယ်... ငါ့ revolutionက 100% မအောင်မြင်ဘူးဆိုပြီးလေ.. ပန်းချီကားပေါ် ရောက်သွားရင်တော့ ကိုယ့်ကိုယ်ကိုထိန်းချုပ်ဖို့ဆိုတာ ခက်သွားပြီ..ဒါကြောင့်ဒီကားလေးမှာလည်း ငါ့အကြောက်တရားတွေ ငါ reveal လုပ်မိထားတယ်လေ...All I wanna say is "we are on the same boat". "Bon courage!!"


Explanation of color Choosing by Su Linn  
  • The Brown represents "the reality" 
  • The Blue represents "the dream"
  • My Tree is between them, it is trying to grasp the sky and wanna live on the blue side of dreams
  • But, you can see, it's like a cycle, my tree.... it's balance is like a cycle
  •  In the reality side, my leaves are green and my fruits as well
  • And for the dream side, they aren't but the blue leaves should have been alive up to the sky.

5 comments:

  1. ကဗျာလေးကော ပုံလေးကော ကောင်းပါ၏

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် :)

      Delete
  2. နင့်ကဗျာနဲ့ ရုပ်ပုံကအရမ်းကောင်းတယ်။ ငါဘယ်လိုမှတ်ချက်ချရမှန်းမသိလို့ဒီမှာပဲရေးသွားတယ်နော် (ဖြူကြည်ခိုင်)

    နင်မတင်တတ်လို့ ငါတင်ထားပေးတယ် အဟီး

    ReplyDelete
  3. Sohan: Good ... I can't write in Myanmar .... I just love it... I can see really ..

    ReplyDelete
  4. အဲ့ပုံလေး နင်ပြောပြဖူးလို့ စိတ်ဝင်စားနေတာကြာပြီ။ ပုစိကွေးလေးပဲတွေ့ဖူးတော့ မသိဘူး ခုမှမြင်ဖူးတာ မိုက်တယ်။း)x
    ရေးထားတဲ့ ခဲ့စားချက်တွေရော.. ပုံရော

    ReplyDelete