ကမ္ဘာကြီးပူနွေးလာပြီး…
သစ်ရွက်တွေ မစိမ်းတော့ရင်
ကဗျာတွေ သေဆုံးသွားမှာလား…
စိတ္တဇညတွေ
စိတ္တဇညတွေ ဆိုတာ…
ဒီလို ကုန်ခဲတဲ့ညတွေများလား
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်လေးတစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…
ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…
တကယ်တမ်းတော့…
ဘဝဆိုတာ…
ကဗျာတစ်ပုဒ်ထဲကလို…
ခံစားချက် လမ်းညွန်ဆိုင်းဘုတ်တွေကို ဖတ်ပြီး
သွားလိုက်ရုံပါပဲ…
လခတွေ အများကြီးရတိုင်းလည်း..
သူငယ်ချင်းကောင်းတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ရင်
မှားသွားလိမ့်မယ်…
လူကောင်းနဲ့ လူဆိုးကို
တိုင်းတာတဲ့ပေတံ
လောကမှာ ဘယ်နှစ်ချောင်းရှိလိုလဲဆိုတာကို….
ပင်လယ်ကြီးကို မေးရမှာလား…
တောင်တန်းကြီးကို မေးရမလား.. ဟင်…
ငါ…
နွားခြေရာခွက်ထဲက ဖားကလေးတစ်ကောင်
မဖြစ်ချင်ဘူး..
သေချင်လို့လည်း ငါတောမပြောင်းချင်ဘူး…
အဲဒီအစွန်း၂ ဘက်လုံးကနေပဲ
လွတ်မြောက်ချင်တာပါ…
ဟိုဘက်ကမ္ဘာမှာ E-Reader တွေရှိပေမယ့်….
ဒီဘက်ကမ္ဘာမှာ ကျောက်သင်ပုန်း သုံးနေတာဟာ..
ဘယ်သူ့အပြစ်မှ မရှိပါဘူး…
ငါ့စိတ်တွေ လွတ်မြောက်နေဖို့ အရေး…
ငါ့ဟာငါ ဘီယာသောက်သောက်… ရည်းစားထားထား.. ဆေးလိပ်ဖွာဖွာ..
ငါ့ဟာငါ ဘုရားသွားသွား.. တရားထိုင်ထိုင်…
ဘယ်သူမှ ငါ့အတွက် ပူစရာ မလိုအပ်ပါဘူး..
လမ်းညွန်ဆိုင်ပုဒ်ဆိုတဲ့ ခံစားချက်တွေ ရှိနေတာပဲ…
အရက်သမား… အရက်သောက်တာ…
တရားသမား တရားထိုင်တာ…
ဆေးသမား… ဆေးရူတာ….
မဆန်းပါဘူး…
ငါတစ်ယောက်တည်းပဲ… တရားထိုင်လို့ရတယ်…
ငါတစ်ယောက်တည်းပဲ…ဆေးရူလို့ရတယ်
…
အရက်သောက်ရင်း ဆေးရှုရင်းတရားအကြောင်း ငြင်းခုံလို့ရပါတယ်…
အားလုံးဟာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့အရာတွေပါပဲ…
ငါတစ်ယောက်တည်းပဲ…
ပြုမူလိုက်တဲ့ အပြုအမူတစ်ခုတည်းပဲ…
ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တစ်ခုတည်းပဲ…
တစ်ယောက်ကို နာကျင်စေခဲ့တယ်..
တစ်ယောက်ကို ပျော်ရွင်စေခဲ့တယ်…
နေမင်းကြီးတောင်မှ…
ကမ္ဘာတစ်ခုတည်းကို..
တချိန်တည်းမှာ မလင်းစေနိုင်ပါဘူး…
ဖယောင်းတိုင်တစ်တိုင်စာလောက်တောင်
မလင်းတဲ့ငါ…
လူသား ၂ ယောက်ကို တစ်ပြိုင်တည်း
စိတ်ချမ်းသာစေဖို့အတွက် …
မုသားတွေ မသုံးပါရစေနဲ့တော့…..
နင့်ဘဝနဲ့ နင်ပျော်အောင်နေချိန်တော့…
ငါနားလည်ခဲ့ပေးသားနဲ့…
ငါ့ဘဝနဲ့ ငါ ပျော်အောင်နေတော့….
ဘာလို့များ နင်...ငါ့ကို Good Bye လို့ ပြောနိုင်ခဲ့တာလဲ…
နင့်ကို အရှုံးတွေပေးလိုက်ပြီး...အနိုင်တွေ ငါ့ဆီမှာ ကျန်ခဲ့တာကတော့
ငါလည်း ဘာမှ မတတ်နိုင်ဘူး…
မင်းခိုက်စိုးစန်က ရေးတယ်…
ပင်လယ်ဟာ အားလုံးရဲ့ အနိမ့်ဆုံးမှာ နေတယ်…
ဒါပေမယ့် သူက ဘာကိုမှ မကြောက်ရဘူးတဲ့..
သူဟာ အချိန်မရွေး သူ့အထက်က အခြား အရာတွေ အားလုံးကို
ဖုံးလွမ်းလိုက်နိုင်တယ်…
နင့်ဘဝနဲ့ နင်ပျော်အောင် နေပါ..
ငါ့ဘဝနဲ့ ငါ ပျော်အောင်နေတော့မယ်...
ဘဝက ခဏလေးပါ…..
လမ်းညွန်ဆိုင်းပုဒ်တွေမတူတဲ့ အခါ
ကိုယ်နဲ့ဆိုင်တဲ့ လမ်းညွန်ဆိုင်းပုဒ်တွေပဲ ကိုယ်ဖတ်ကြရအောင်
ငါ.......
လမ်းညွန်ဆိုင်းပုဒ်တွေ ဖတ်ပြီး
လမ်းလျှောက်နေဆဲပါ…
ဖြစ်နိုင်မယ်ဆိုရင် မနက်စောစော
လာမနှိုးပါနဲ့
အတွေးချင်းတိုက်ဆိုင်တဲ့.. ခေါင်းစဉ်စဉ်းစားပေးတဲ့... တစ်ယောက်သောသူကို ကျေးဇူးတင်ပါတယ်...
မူရင်းကဗျာက စာလုံးပေါင်းမှားများနဲ့... အဲဒီ မူရင်းလေးကို ပိုကောင်းအောင် edit လုပ်ပေးတဲ့ ကိုယ့်ရဲ့ editor အမကိုလည်း ကျေးဇူးတင်ပါတယ်...
No comments:
Post a Comment