အကြော်ဆိုင်တူတူထိုင်မယ့် သူငယ်ချင်းတွေ မရှိဘူး..
ကိုယ့်မှာ အဲဒီလို ရုပ်ရှင်သူငယ်ချင်း၊ ခွက်သူငယ်ချင်း၊ ကော်ဖီသူငယ်ချင်းတွေ ရှိသလို…
အလုပ်တူတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းလေးတွေလည်း ရှိပါသေးတယ်… သူတို့ကို အကြော်သူငယ်ချင်းလို့လည်း ခေါ်လို့ရမလားပဲ… ကိုယ်တို့တွေ ရုံးက ဆင်းပြီး အိမ်ပြန်ရင် (လက်ထဲမှာ ပိုက်ဆံလည်း ရှိတဲ့ ရက်မျိုးဆိုရင်) ဆူးလေမီးသတ်ရှေ့က အကြော်ဆိုင်လေးတွေမှာ ထိုင်ပြီး
ကိုယ့်မှာ အဲဒီလို ရုပ်ရှင်သူငယ်ချင်း၊ ခွက်သူငယ်ချင်း၊ ကော်ဖီသူငယ်ချင်းတွေ ရှိသလို…
အလုပ်တူတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းလေးတွေလည်း ရှိပါသေးတယ်… သူတို့ကို အကြော်သူငယ်ချင်းလို့လည်း ခေါ်လို့ရမလားပဲ… ကိုယ်တို့တွေ ရုံးက ဆင်းပြီး အိမ်ပြန်ရင် (လက်ထဲမှာ ပိုက်ဆံလည်း ရှိတဲ့ ရက်မျိုးဆိုရင်) ဆူးလေမီးသတ်ရှေ့က အကြော်ဆိုင်လေးတွေမှာ ထိုင်ပြီး
အလုပ်က အတင်းအဖျင်းတွေ၊ ဘဝရှေ့ရေးတွေ၊ ရောက်တတ်ရာရာတွေ ပြောကြ….
ရေနွေးကြမ်းလေးသောက်ကြ…
လက်ဘက်သုတ်လေး စားကြ…
ကြက်သွန်ဖြူလေးခွာတဲ့လူက ခွာ စားတဲ့သူကစားပေါ့…
အဲဒီသူငယ်ချင်းတွေက ယောကျာင်္းလေးတွေချည်းပါ.. ကိုယ်တို့ ရုံးမှာ မိန်းကလေးဝန်ထမ်းက ကိုယ်အပါအဝင်မှ ၄ ယောက်ပဲရှိပါတယ်.. (ကိုယ်က အဲဒီမိန်းကလေးတွေနဲ့ ဘယ်တော့မှ တူတူမပြန်တတ်ဘူး.. )
အဲဒီအလုပ်က ကိုယ့်အတွက် ရုံးလုပ်ငန်းနဲ့ ပတ်သက်ပြီး ပထမဆုံး အတွေ့အကြုံပါ…
အဲဒီအချိန်မှာ ကိုယ်ဟာ ဘယ်သူကိုတော့ ဘယ်လိုပေါင်းပြီး ဘယ်သူကိုတော့ ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ ပညာမတတ်သေးပါဘူး… မကြိုက်ရင် မကြိုက်တဲ့အတိုင်း… စိတ်ညစ်ရင် စိတ်ညစ်တဲ့အတိုင်း ဖြစ်နေတတ်ပါတယ်… အဲဒီအလုပ်မှာ ကိုယ့်ရဲ့ အကြော်သူငယ်ချင်းလေးတွေသာ မရှိရင် ကိုယ်ဘဝရဲ့ ပထမဆုံးတိုက်ပွဲမှာ စောစော လက်နက်ချမိမှာပါ… ဒီသူငယ်ချင်းတွေထဲမှာ တစ်ယောက်က ကိုယ့်ထက်စောပြီး ဒီအလုပ်ထဲရောက်ပြီး ကျန်တဲ့ သူတွေကတော့ ကိုယ်အလုပ်ဝင်ပြီးမှ လူဟောင်းတွေ တစ်ယောက်ပြီး တစ်ယောက် Company ကို ခွာသွားလို့ ရောက်လာတဲ့ အသစ် အသစ်တွေပါ…
လူဟောင်းတွေတောင် မခံနိုင်ပဲ တစ်ယောက်ပြီး တစ်ယောက်ထွက်နေမှတော့ လူသစ်တွေဆိုရင် အခက်အခဲတွေကို အလူးအလဲခံဖို့ ဘယ်က ခွန်အားများရှိမှာလဲ…
ကံကောင်းချင်တော့ အသစ်ရောက်လာတဲ့ လူသစ်တိုင်းက ကိုယ်လို ပထမဆုံး အတွေ့အကြုံတွေနဲ့…
အတွေ့အကြုံအတွက် အလုပ်လာလုပ်တဲ့သူတွေ ချည်းစုမိသွားတာပါ…
ကိုယ်တို့က Same Generation, Same Age, Same Point of view ဆိုတော့ အချိန်တိုတိုလေးမှာ ကိုယ်တို့တွေ တစ်ဖွဲ့တည်း တစ်သားတည်း ဖြစ်သွားပါတယ်…
ကိုယ်တို့မှာ မတူညီတဲ့ ပညာရေးအခြေအနေတွေ…
မတူညီတဲ့ ဘဝပေးအခြေအနေတွေ..
မတူညီတဲ့ ယုံကြည်မှုတွေ…
မတူညီတဲ့ ဘဝရည်မှန်းချက်တွေ ရှိကြတယ်…
တစ်ချို့က အပြင်ထွက်ပြီး ဘဝတည်ဆောက်ချင်တယ်…
တစ်ချို့က ကိုယ်ပိုင် စီးပွားရေးတစ်ခုကို နိုင်ငံတွင်းမှာပဲ လုပ်ချင်တယ်…
တစ်ချို့က ပညာရှင်ဖြစ်ချင်တယ်…
တစ်ချို့က ငွေရှင်ဖြစ်ချင်တယ်…
ဒီလိုသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ လမ်းပျောက်လို့ အဲဒီအလုပ်ကို လုပ်နေတဲ့ ကိုယ် ဘဝမှာ ပျော်စရာလေးတွေ တွေ့လာပါတယ်…
အနည်းဆုံးတော့ ကိုယ်ကိုကိုယ် မန်နေဂျာက ပညာပေးလို့ မျက်ရည်ဝဲရင် သူတို့က အားပေးတတ်တယ်…
ကိုယ်အလုပ်က တစ်ရက်လုံး ထိုင်နေရတဲ့ အလုပ်
သူတို့က တစ်နေကုန် Company တွေကို လှည့်သွားပြီး Service ပေးတဲ့အလုပ်…
တစ်ယောက်နဲ့ တစ်ယောက် တရက်လုံး မတွေ့ရရင်တောင် လိုင်းပေါ်မှာ ခဏဖြစ်ဖြစ်…
သူတို့ တစ်ခုခုလိုလို့ ရုံးကိုဖုန်းလှမ်းဆက်လို့ဖြစ်ဖြစ်…
ညနေရုံးတူတူ ဆင်းရင်ဖြစ်ဖြစ် တွေ့ကြတယ်… တကယ်လို့ တစ်ယောက်ယောက်က အလုပ် မပြီးသေးရင်လည်း အားလုံးက စောင့်ကြတယ်… အားလုံးက အိမ်မှာ တာဝန်ကြီးကြီး မရှိကြတဲ့သူတွေဆိုတော့ ကိုယ်တို့ အိမ်ဘယ်အချိန်မှ ပြန်ရောက်ရောက် ကိစ္စမရှိကြဘူးလေ.. ညနေရုံးဆင်းရင် ကိုယ်တို့တွေ ဟေးလေးဟားလားနဲ့ ရုံးရှိတဲ့ လပြည့်ဝန်း ပလာဇာကနေ သမ္မတရုပ်ရှင်ရုံ၊ ဘူတာကြီးခုံးကျော် တစ်လျှောက်လမ်းလျှောက်… စကားပြော… လမ်းမှာတွေ့တဲ့သူတွေကို စ…
သူများကို မစဖြစ်ရင် ကိုယ်အချင်းချင်း စ ကြ… နဲ့ တစ်ပျော်တပါး…
အဲဒီထဲက ကောင်လေးတစ်ယောက်ဆိုရင် ဘယ်သူ့ရဲ့ အမူအယာဖြစ်ဖြစ် သူသရုပ်ဆောင်တတ်တယ်… ဟာသဥာဏ်ရှိတယ်… ဥပမာ.. ဘောစ့် Dinner ညက ဘယ်လိုကတာ…
ကိုရဲက ဘယ်လို ဆံပင်မရှိတာ…
ဘယ်သူက ဘယ်လိုလမ်းလျှောက်တာ…
အမျိုးမျိုးလုပ်ပြတတ်တယ်…
(ကိုယ်အဲဒီအလုပ်က ထွက်ခဲ့ပြီးမှ အလုပ်က ကိုယ့်အခင်ဆုံး တစ်ယောက်ကို ပြောင်ပြီးဆိုထားတဲ့ သီချင်းတစ်ပုဒ် ကိုယ့်ကို ပို့လာသေးရဲ့… ရီလိုက်ရတာ… )
ဒီလိုလျှောက်ရင်း အကြော်ဆိုင်မသွားဖြစ်တဲ့ ရက်မျိုးဆိုရင် Trader မီးပွိုင့်ရောက်ရင် တစ်ယောက် ၂ ယောက်က လမ်းခွဲ …
ဆူးလေမီးပွိုင့်ရောက်ရင် နောက်ကျန်တဲသူတွေက လမ်းခွဲ…
နောက်ဆုံး ကိုယ်ကားစီးမယ့် လမ်း ၃၀ မှတ်တိုင်ရောက်ရင် ကိုယ်နဲ့ တူတူကျန်ခဲ့တာက ၂ ယောက်ပါ…
အဲဒီ ၂ ယောက်လုံးက ကိုယ်နဲ့ အရင်းနီးဆုံး ၂ ယောက်…
အခုထိ ၁ ယောက်နဲ့ က အွန်လိုင်းပေါ်မှာ ရန်ဖြစ်တုန်း…
သူနေတာက မြို့ထဲမှာဆိုတော့ သူက အိမ်အထိ လမ်းလျှောက်မှာပါ… ဒါပေမယ့် ကိုယ်နဲ့ နောက်တစ်ယောက် ကားမရသေးရင် သူမသွားပဲ စောင့်ပေးတတ်တယ်…
ဒါပေမယ့် သူစိတ်မချလို့ စောင့်တာတို့ …
ခင်လို့စောင့်တယ်တို့… ဘယ်တုန်းကမှ မပြောတတ်ဘူး.. သူက စိတ်ထဲရှိတာကို ဖွင့်မပြောတတ်တဲ့သူမျိုးလို့ ကိုယ်ထင်တယ်… ကိုယ်ကိုခင်တယ်လို့ သူမပြောဖူးဘူး..
ဒါပေမယ့် ကိုယ်ဆေးရုံတတ်တော့ အရင်ဆုံးလာကြည့်တယ်…
(သူမစားတဲ့ အသားနဲ့ ကြေးအိုးစားချင်တယ်ဆိုတာတောင် ဝယ်ကျွေးမို့တဲ့… အဲလောက်တော့ ကိုယ့်သူငယ်ချင်း တစ်ယောက်ကို မလုပ်ခိုင်းရက်ဘူး… )
အဲဒီအချိန်က ဘဝက ကြမ်းခဲ့ပေမယ့် ဒီလိုသူငယ်ချင်းတွေရှိတော့ ကိုယ်နေပျော်ခဲ့ပါတယ်… တစ်ခါတစ်ခါ အကြော်ဆိုင်မှာ ထိုင်၊ စကားပြောရင်း တစ်ယောက်ယောက်က တစ်နေရာရာကို သေချာကြည့်လိုက်ပြီဆို အားလုံးက လိုက်ကြည့်ကြပါတယ်… ကိုယ်ကလွဲလို့ ယောကျာင်္းလေးတွေချည်းဆိုတော့ မိန်းကလေး လှလှတွေကိုတော့ အဓိကထားပြီး ကြည့်ကြတာပေါ့… တစ်ခါတစ်လေတော့ သရုပ်ဆောင်ကောင်းတဲ့ သူနဲ့တွေ့ရင်တော့ ခံရတတ်တယ်.. အဲဒီသရုပ်ဆောင်ကောင်းသူက ကောင်မလေးမဟုတ်တဲ့ တစ်ခုခု (အဖွားကြီး၊ အန်တီကြီး၊ ကလေးပေါက်စလေး၊ ပလပ်စတစ်ကောက်သမား၊ သူတောင်းစား၊ မိန်းမလှလေးမဟုတ်တာ မှန်သမျှ၊ တစ်ခါတစ်လေ ခွေးဝဲစား) ကို ကောင်မလေးချောချောလေးကို ကြည့်တဲ့ ပုံမျိုးနဲ့ ကြည့်လိုက်ရင် ကျန်တဲ့သူတွေတော်တော်များများက လှည့်ကြည့်ကြရော… အဲဒီမှာ မျှော်လင့်ထားတဲ့ အရာမဟုတ်ပဲ တစ်ခြားတစ်ခုဖြစ်နေရင် လှည့်ကြည့်တဲ့သူကို အားလုံးက ဝိုင်းဟားကြရော… ဒီအကွက်က တစ်ခါလည်းမဟုတ်ဘူး အကြော်ဆိုင်ထိုင်တိုင်း အမြဲနီးပါးလုပ်တဲ့တဲ့ ဟားကွက်လေး..
ဒီဟားကွက်လေးကို အမြဲခံနေရတဲ့သူကလည်း ရှိသား… (ဖတ်ရင် သူဟာသူ သဘောပေါက်ပါလိမ့်မယ် ဘယ်သူလဲလို့ မပြောတော့ပါဘူး)…
နောက်ထပ်ကိုယ်တို့ ချောက်ချတဲ့ တစ်ကွက်က Gtalk အကောင့်ကို မိန်းကလေးနာမည်နဲ့ ဖွင့်ပြီးတော့ ဖြစ်ဖြစ်၊ Gtalk မှာ ယောကျာင်္းလေးအချင်းချင်း တစ်ခန်းထဲထိုင်နေပြီး မိန်းကလေး ဟန်ဆောင်ပြီး ကျူနေပြီးတော့ ဟိုဘက်က ဖြစ်နေတာကို ဟားကြတာပါ… အဲဒီထဲက မှတ်မှတ်ရရတစ်ခုကတော့ ကိုယ်နဲ့လည်း အခင်ဆုံးဖြစ်လို့ ရေးလိုက်ပါမယ်…
ရုံးပိတ်ရက် တစ်ရက် ဆံပင်မရှိတဲ့ သူငယ်ချင်းလေးက အွန်လိုင်းတတ်ပါသတဲ့…
အဲဒီမှာ ရုံးက နောက်တစ်ယောက်ကို Gtalk မှာတွေ့ပါတယ်… ယောကျာ်းလေး အချင်းချင်းဆိုတော့ သူက နည်းနည်းကြားလို့ မကောင်းတဲ့ စကားလုံးတစ်လုံးနဲ့ လှမ်းနှုတ်ဆက်ပါတယ်… ဟိုက စိတ်ဆိုးသွားလို့လား၊ ဒါမှမဟုတ် စချင်သွားလို့လား သေချာမသိဘူး… သူမဟုတ်ပါဘူး သူ့အမပါ၊ ဆူဇန်ပါ… သူမအားလို့ သူ့အကောင့်နဲ့ မေးလာစစ်ပါတယ်လို့ ပြန်ပြောတော့
မကြားဝံ့မနာသာ ပြောမိတဲ့ ကောင်လေးခမျာ ဘယ်ကစပြီး တောင်းပန်ရမလဲ မသိဖြစ်သွားတယ်တဲ့… ဒါနဲ့သူလည်း ပြောမိပြောရာတွေ လျှောက်ပြော… ဟိုကလည်း စလက်စနဲ့ဆိုတော့ ဆူဇန်အနေနဲ့ပဲ ပြောပေါ့… အဲလိုနဲ့ ရုံးဖွင့်တဲ့နေ့ရောက်တော့ ဒီကိစ္စက ပွပါလေရော…
အဲဒီခံလိုက်ရတဲ့ တစ်ယောက်ကို အခုထိ ဆူဇန်နေကောင်းလားလို့ မေးရင် စိတ်ဆိုးတုန်း….
သေချာတယ် ဒီစာဖတ်နေရင်းလည်း သူကိုယ့်ကို ဒေါသထွက်ပြီး Gtalk မှာ ဘလော့ချင် ဘလော့မယ်....
ဒါမှမဟုတ် C-box မှာ တစ်ခုခုပြောမယ်…
ဒါမှမဟုတ် comment မှာ တစ်ခုခုရေးမယ်…
ဒါမှမဟုတ် C-box မှာ တစ်ခုခုပြောမယ်…
ဒါမှမဟုတ် comment မှာ တစ်ခုခုရေးမယ်…
ဒါမှမဟုတ် သူကိုယ့်ကို လွမ်းလို့ မျက်ရည်ဝဲချင်ဝဲမယ်…
သူက ကိုယ့်ရဲ့ အခင်ဆုံးလေးမို့ ကိုယ်ဒီလိုရေးရဲတာပါ…
ဆက်ပါအုံးမယ်...
ဆက်ပါအုံးမယ်...
Friendship Never Break!
ReplyDeletethanks! thank you so much for writing this!
I miss you guys too.
i remember the time:
that we spend together
Joke around!
have fun!
kidding each other!
I remember the moment of
happiness
sadness
joyful
when we've been together.
Now all of us are in Different Places But our friendship and happiest moments are in this story! thanks so much sis!
i hope we will meet again and i believe so!
And i like to tell all the friends who ever read that story, "The Real Friendship, Never Break!"
thanks! Have a good one!
ဒီစာကို ဖတ်မိတော့ ကျွန်တော် အရင်တုန်းက အချိန်တွေကို ပြန်သတိရပြီး မျက်ရည်တောင်ဝဲခဲ့တယ်ဗျာ။ မဆွီရဲ့ စာအရေး အသားကလည်း ကောင်းတော့ စာဖတ်နေရင်း အရင်တုန်းက အချိန်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ တကယ်တော့ ကျွန်တော်တို့  သူငယ်ချင်းတွေဟာ မထင်မှတ်ပဲ ဆုံဖြစ်ခဲ့ကြသလို မထင်မှတ်ပဲ လမ်းကွဲပြီး ကိုယ့်လမ်းကို ကိုယ်စီလျှောက်ခဲ့ ကြတယ်။ Ivan ပြောခဲ့ သလိုပါပဲ တစ်နေ့တော့ ကျွန်တော်တို့  အားလုံးပြန်တွေ့  ဖြစ်မှာပါ။ အဲ့လိုပြန် တွေ့  တဲ့အခါမှာ ဆူးလေ မီးသတ် ရှေ့က အကြော်ဆိုင်လေးမှာ အကြော်စား ၊ လဖက်သုတ်စားပြီး အရင်တုန်းက ထိုင်ခဲ့သလို ပြန်ထိုင်ကြတာပေါ့။ အဲ့ဒီ အကြော်ဆိုင်လေး ရှိနေသေးရင်ပေါ့။ ကျွန်တော်တို. အားလုံးဟာ အဝေး တစ်နေရှာဆီကို ကိုယ်စီ ကိုယ်စီ ရောက်နေပေမဲ့ သူငယ်ချင်း သံယောဇဉ်တွေကတော့ ဘယ်တော့မှ ပျက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို. တစ်နေ့  ပြန်တွေ့  ကြတဲ့အခါ ကိုရဲ အရင်ကထက် ဆံပင်တွေ ပိုများနေတာကို မြင်ရရင် အားလုံး ၀မ်းသာမိမှာပါ။ Thanks
ReplyDeletetha daung sar Johnny, I'm sure the guy who always looks to whenever i look at is Thar Thar. And good actor is me. right ? Sweet i missu so much bro, i wanna admit 1 thing , sorry for didn't keeo in touch with u while i'm with a stupid GF. damm so sorry abt it, so sorry............. I promise when i bk to mm, I'll come and see u even if you're in Taunggyi or Sittwe. Ok ? ;) i promise, u know me.. huh ?
ReplyDeleteThz for your comment all of u,..
ReplyDeletecopy to my heart :)
i Love u all...
@ Ye Min : Why did u wait us till the bus come? I really want to know the reason... now, i just guess it...
@ Johnny : When I arrive back to YGN, I'll come to your office, let's go back together from there to our small shop, even YeMin arrive back or not... ok?
@ Ivan : Please make other song for all of us,, now u just love Ko Ye.. that's why u wrote the song only for him. :)
Ok Ok Ma Sweet. We will go together to that small shop. I have contact with Jawad n Thar Thar. And Ko Kyi also. Tell me the date when u back to Ygn.
ReplyDeleteWarrrr ma ta yar gya woooooo !! paung chain nae tine mae nint ko. :(, luu youte mar tway.
ReplyDelete:D
ReplyDeletereally funny boy, i don't care your Paung Chain @ Ye Min.
@ Johnny, we will go together ya,,,, good ... hahaha... i got the contact with Ko Kyi, but not with tar tar... let's meet. don't call the man who don't have hair ok?
ဆံပင် မရှိလို့  မလိုက်ရတာတော့ မတတ်နိုင်ဘူး ကိုရဲ။ လိုက်ချင်ရင် ဆံပင်တွေ အရင်ပေါက်အောင်လုပ်။ ဆံပင်တွေ ပေါက်တဲ့နေ့  ဆိုင်အတူတူ ထိုင်တာပေါ့။ ဆိုင်လည်း အရမ်းထိုင်ချင်တယ် ဆံပင်ကလည်းမပေါက်ဘူး ဆိုရင် ဆံပင် အတု ဆွတ်လာခဲ့။ ပြီးတော့ ဖိမ့်ဖိမ့်နဲ့  ကျွန်တော်တို့  ကိုဆံပင်ပေါက်လာပြီလို ပြောပေါ့ဗျာ။
ReplyDeleteသားသား ဖုန်းနံပါတ်ယူထားလိုက်လေ။ email address ရောရှိလား?
ဖုန်းနံပါတ်ယူထားလိုက်မယ်...
ReplyDeleteEmail တော့ရှိတယ် သူက လိုင်းပေါ်သိပ်ရောက်မလာတတ်ဘူး
အမေလေး ငါ့သူငယ်ချင်းလေးကို ပြောထားလိုက်တာ... ကျွတ်ကျွတ် ကျွတ်ကျွတ်... သနားပါတယ်..
စင်ကာပူမှာ ဆေးရှိလား စုံစမ်းထားလေ ဆံပင်ပေါက်ဆေး...
Sweet.sweet..sweet.............don't wanna say too much.... just love you :)
ReplyDeleteYe Min Ye Min....
ReplyDeleteI don't wanna say too much as well,
love u too...