အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။

A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.

By: Dr. Sai Kham Leik

ကိုယ်အကြောင်း

Étoile လို့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ခေါ်တယ်...
ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိတတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ဘာလိုချင်မှန်းတောင် မသိတတ်ဘူး..
ရွေးစရာတွေပေါ်လာတိုင်း ဒွိဟဖြစ်တတ်သေးတယ်
ကိုယ်လုပ်ချင်တာတစ်ခုကို လုပ်လိုက်လို့ ဘယ်လောက်မှားသွားမှားသွား
ဘယ်တော့မှ နောင်တမရတတ်ဘူး...
Coffee ကြိုက်တတ်တယ်...
စာရေး စာဖတ်လုပ်ရတာ ဝါသနာပါတယ်...

Tattoo လေးတွေကို ချစ်တယ်
အသုံးကျမယ်ဆိုရင်
ဖယောင်းတိုင်ငယ်တစ်တိုင်လို
ငါ……. လောင်ကျွမ်းပစ်လိုက်မယ်…
ဖိနပ်တစ်ရန်လို..
ငါ…… လုံးပါးပါး ပစ်လိုက်မယ်…

ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်
မနက်စောစော ငါ့ကို လာမနိုးစမ်းပါနဲ့…

Friday, September 16, 2011

တိမ်တွေဖုံးတဲ့လ

ဒါလေးတွေက
အိမ်မက်ဆိုရင်…
ငါပြန်မထလာတော့ဘူး…
ချစ်သူရေ…


ပန်းအိမ်မက်တွေနဲ့…
ငါရုပ်အလောင်းလေး…
မွေးကြိုင်နေမလား…


သိပ်စိတ်ကူးယဉ်ဆန်တယ်…
ဆိုပြီး
မင်းငါ့ကို လှောင်ရယ်လိုက်ပါ…


တွေဝေနေတာနဲ့ပဲ…
တစ်နေရာစီ ဝေးခဲ့တာ ..
ကမ္ဘာ ဘယ်နှစ်ပတ်တိုင်ခဲ့ပြီလဲ…
ဒါနဲ့များတောင် …
ဆက်ပြီးတွေဝေနေကြတုန်း….


နေသာတဲ့တစ်နေ့မှာ
High heel လေးစီးပြီး
နင့်ဘဝထဲ …
ငါဝင်ခဲ့ရမလား…


မိုးသည်းတဲ့ညမှာ
ထီးကလေးဆောင်းပြီး…
နင့်ဘဝထဲ …
ငါလာခဲ့ရမလား…


ဒါမှ မဟုတ်…
နှင်းတွေကြားထဲမှာ…
မတော်တဆတွေ့ကြမလား…


ငါတို့တွေ…
အစီအစဉ်တကျကို…
ဝေးနေကြတယ်….


ငါ့ရဲ့ ခေါင်းလောင်းသံလေးရေ….


ခေါင်းလောင်းသံတွေမရှိတဲ့…
ကျောင်းက….
သူငယ်ချင်းဟောင်းလေးေ၇…
လွမ်းတယ်….


Des jour et des nuit,
 T’es la seuls personne,
Qui est dans mon esprit….
Dans mon coeur….


Quand je pense a toi…
Mes battements de coeur s'accelerent…
Mes lèvres se sentent la chaleur….


မကြားခဲ့ဖူးတဲ့…
နင်သံစဉ်တွေကို …
လွမ်းတယ်…


ဆူညံညံသံစဉ်တွေ
နားထောင်ရင်း…
မောင့်ကို…
ကျွန်မ..
တိုးတိုးလေး
သတိရနေတယ်…

ကဗျာခေါင်းစဉ်ကို တယောက်သောသူက ပေးပါတယ်.... 

No comments:

Post a Comment